Boyfriend ဇာတ်လမ်းတွဲကို နိုဝင်ဘာလတွင် ပြသမည်

0
176

ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Boyfriend ဇာတ်လမ်းတွဲကို မကြာခင် ပြသတော့မှာပါ။ မင်းသမီး Song Hye Kyo နဲ့ မင်းသာ Park Bo Gum တို့ ပါဝင်ရိုက်ကူးထားပြီး နိုဝင်ဘာလကစပြီး tvN ရုပ်သံလိုင်း ကနေ ဗုဒ္ဓဟူး၊ ကြာသပတေး ၂ ရက် ထုတ်လွှင့်ပြသသွားမှာပါ။ မင်းသမီး Song Hye Kyo က Cha Soo Hyun အဖြစ် ပါဝင်မှာဖြစ်ပြီး မင်းသားကတော့ နေ့စဉ်အခက်အခဲတွေ ရင် ဆိုင်နေရပေမယ့် အမြဲပျော်ရွှင်စွာ နေထိုင်တတ်တဲ့ ကောင်လေး Kim Jin Hyuk အဖြစ် ပါဝင်သရုပ်ဆောင်မှာပါ။

Boyfriend ဇာတ်လမ်းတွဲဟာ အရာအားလုံးပြည့်စုံနေတဲ့ မိန်းမ တစ်ဦးနဲ့ နာမည်ကလွဲလို့ ဘာမှမရှိ တဲ့ သာမန်ကောင်လေးတစ်ဦးတို့ရဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ထားပါ တယ်။ Boyfriend ဇာတ်လမ်းတွဲကို “My Annoying Brother” နဲ့ “No Breathing” ဇာတ်လမ်းတွဲ များကို ရေးသားခဲ့တဲ့ စာရေးဆရာ Yoo Young Ah က ရေးသားထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here