လေလံတင်တော့မယ့်ကမ္ဘာကျော် Star wars ဇာတ်ကားထဲက ဂျာကင်အင်္ကျီ

0
184

ကမ္ဘာကျော် Star Wars ရုပ် ရှင်ဇာတ်ကားကြီးကို သရုပ်ဆောင် စဉ်က ဝတ်ဆင်ခဲ့တဲ့ ဂျာကင်အင်္ကျီ ကို လာမယ့်စက်တင်ဘာလထဲမှာ လေလံတင်ဖို့ စီစဉ်နေတယ်လို့ ဟော လိဝုဒ်မင်းသားကြီး ဟယ်ရီဆင်ဖို့ဒ် က ပြောကြားလိုက်ပါတယ်။ အဆိုပါ လေလံတင်ပွဲမှာ အခြားသော သမိုင်း ဝင်မယ့် အဝတ်အစားအသုံး အ ဆောင် ၆၀ဝ နီးပါးပါဝင်ပြီး လေလံ ဆွဲမယ်လို့ သိရပါတယ်။ လေလံကြေး ကတော့ ကြမ်းခင်းတန်ဖိုး ဗြိတိန် ပေါင်တစ်သန်းလောက်ရှိမယ်လို့ ခန့် မှန်းထားကြပါတယ်။

Star Wars ဇာတ်ကားထဲက ဂျာကင်အပါအဝင် မှတ်တမ်းဝင် ဟဲလ်မက် ဦးထုပ်တွေလည်း ပါဝင် မှာပါ။ တန်ကြေးပေါင်း ၆၀ဝ၀ဝ လောက်ရှိမယ်လို့ သိရပါတယ်။ ဒါ့ အပြင် မင်းသားကြီးသရုပ်ဆောင်ခဲ့ တဲ့ ကမ္ဘာကျော် The Temple of Doom နဲ့The Raiders of the Lost Ark ဇာတ်ကားတွေထဲက ဇာတ် လိုက် အင်ဒီယာနာဂျုံး ဝတ်ဆင်ခဲ့တဲ့ သက္ကလတ် ဦးထုပ်ရယ်၊ ကြာပွတ် တစ်ချောင်းရယ်လည်း ပါဝင်မှာဖြစ် ပါတယ်။

အဆိုပါဇာတ်ဝင်ပစ္စည်းတွေ အပြင် မင်းသားတွမ်ဟန့်၊ ဘရက် ပစ်တို့ရဲ့ ဇာတ်ဝင်ခန်း အသုံးအ ဆောင်တွေလည်း ပါဝင်မှာဖြစ်ပါ တယ်။ လေလံပွဲကြီး ကျင်းပမယ့် လန်ဒန်မြို့မှာ စက်တင်ဘာလ ၆ ရက်ကနေ ၂၀ ရက်အထိ ပရိသတ် တွေ လေ့လာကြည့်ရှုနိုင်ဖို့ လေလံ ပစ်မယ့်ပစ္စည်းတွေကို ပြသထား မယ်လို့ သိရပါတယ်။

Ref:BBC


LEAVE A REPLY

Please enter your comment!
Please enter your name here