သီလရှင်ဝတ်လိုက်တဲ့ စိုးပြည့်သဇင်

0
363

ဘာသာရေးကို အင်မတန် ယုံ ကြည်သက်ဝင်တဲ့ သရုပ်ဆောင်စိုးပြည့် သဇင်ကဆိုရင် ‘ကမ္မဖလ’ရုပ်ရှင်ဇာတ် ကားရဲ့ သီလရှင်ဝတ်ဇာတ်ရုပ်ဇာတ် ဝင်ခန်းအတွက် ဇူလိုင် ၂၄ ရက်နေ့ က သာသနာ့ဘောင်ဝင်ပုံနည်းအတိုင်း အမှန်တကယ်ဆံချပြီး သီလရှင်ဝတ်နဲ့ သရုပ်ဆောင်ရိုက်ကူးခဲ့ပါတယ်။

”သီလရှင်ကျောင်းမှာ ဆရာ လေးတို့က ကိုယ်တိုင်ဆံချပေးခဲ့ပါ တယ်။ ဇာတ်ဝင်ခန်းရိုက်ကူးနေတုန်း မို့ ဆရာလေးတော့ မဖြစ်သေးပါဘူး။ ဘဝမှာမှတ်မှတ်ရရလေးပေါ့။ တ ကယ်ဆံချပြီး ရိုက်ကူးခဲ့ရတော့ ရင် ထဲမှာ အမှတ်ရနေမှာပါ။ ဒါက ဇာတ်ဝင်ခန်းအတွက်ပါ။ တကယ် ဝတ်ဖြစ်တာဇူလိုင် ၂၉ ရက်နေ့ကပါ” လို့ စိုးပြည့်သဇင်က ဆိုပါတယ်။

ပထ မဦးဆုံးအကြိမ် သီလရှင်ဝတ်ဖူးခြင်း ဖြစ်ပြီး ဘွဲ့အမည်ကတော့ ဥာဏဝ တီပဲဖြစ်ပါတယ်။ စိုးပြည့်သဇင်က ဇူလိုင် ၂၉ ရက်နေ့ကျမှပဲသီလရှင် တကယ်ဝတ်ဖြစ်ခဲ့ပြီး သီလရှင်ဝတ် နဲ့ တရားစခန်းကို တစ်ပတ်ကြာ ဝင် ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ‘ကမ္မဖလ’ ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ပန်းချီစိုးမိုးက ရိုက်ကူးပုံဖော်နေတာ ဖြစ်ပြီး ပြေတီဦး၊ စိုးပြည့်သဇင်နဲ့ အေးမြတ်သူတို့က ပါဝင်သရုပ် ဆောင်ထားကြပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here