တစ်ကိုယ်တော်အခွေထွက်ရှိဖို့ အစီအစဉ်ရှိတဲ့ ဇော်ကြီး

0
151

‘ဇော်ကြီး’ဆိုတာနဲ့ Myanmar Idol Season-3 ပြိုင်ပွဲဝင်တစ်ယောက်မှန်း ပရိသတ်ကြီး သိကြမှာ ပါ။ သြဂုတ်လ ၃ ရက်နေ့က Top 3 Result Show မှာတော့ ဇော်ကြီးဟာ Myanmar Idol Grand Final ကို ဆက်လက်တက်ရောက်နိုင်ခြင်း မရှိဘဲ ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာခဲ့ရပါတယ်။ သူဟာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုသာမက သူ့ရဲ့ စာနာရိုင်းပင်းကူညီတတ်တဲ့ စိတ်ထားကြောင့် ပြိုင်ပွဲ ဝင်အချင်းချင်းရဲ့ ချစ်ခင်မှုကိုပါ ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ Myanmar Idol မှာ ဝင်ရောက်ယှဉ်ပြိုင်ရင်း ပညာတွေ ရရှိခဲ့ပုံနဲ့ပတ်သက်ပြီး ဇော်ကြီးက…

”ဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖြစ် တာ အတွေ့ အကြုံတွေ အများကြီးရရှိပါတယ်။ အများကြီးလည်း အမြင်တွေကျယ်လာတယ်။ ကျွန်တော် မသိသေးတဲ့ အရာတွေ၊ လိုအပ်ချက်တွေ ပညာတွေလည်း အများကြီးရရှိခဲ့ပါတယ်။ ဒီကရတဲ့ ပညာ အတွေ့အကြုံတွေနဲ့ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို ပြန်ပြီးဖြည့်ဆည်းပြီးတော့ ဖြစ်ချင်တဲ့ အိပ်မက် ပန်းတိုင်ကို ဆက်လက်ပြီး ကြိုးစားသွားမှာပါ” လို့ ပြောပြခဲ့ပါတယ်။

တေးစီးရီးခွေ ထွက်ရှိဖို့ အစီ အစဉ်ရှိလားဆိုတဲ့အပေါ် ဇော်ကြီးက ”ဖြည်းဖြည်းချင်း ကြိုးစားသွား မှာပါ။ ကျွန်တော်က Rock သီချင်း တွေ သီဆိုရတာ ပိုပြီးအားသန်တော့ အဲဒီလိုအမျိုးအစားလေးတွေ လုပ်ကိုင်ဖြစ်ဖို့ များပါတယ်” လို့လည်း ပြောပြခဲ့ပါတယ်။ ဆက်လက်ပြီး ဇော်ကြီးက သူ ဆက်လျှောက် လှမ်းမယ့် ဂီတလမ်းကြောင်းကိုလည်း အားပေးကြပါ။ ပရိသတ်တွေ အားလုံးကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်လို့လည်း ပြောပြခဲ့ပါသေးတယ်။

ခိုင်ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here