သဘင် လူမှုကူညီ စောင့်ရှောက်ရေး ကော်မတီမှ ရေဘေးသင့် ပြည်သူများအား သွားရောက်လှူဒါန်း

0
173

နာယကကြီး ရွှေမန်းချမ်းသာ၊ အတွင်းရေးမှူး ဒေါ်တင်ဇာမိုးဝင်း၊ အဖွဲ့ဝင် ဦးရဲမင်းသွေးနှင့် ဗဟိုသဘင်အမှု ဆောင်များ၊ ပွဲစီစဉ်သူ ကော်မတီဝင်များ လိုက်ပါလျက် ဇူလိုင်လ ၃၁ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ရေဘေး သင့်သဘင်မိသားစုများ ( ဦးရေ ၅ဝ စာ ) အတွက် ငွေသား အပါအဝင် တန်ဖိုး ငွေကျပ် ၁၃ သိန်းရှိ ပစ္စည်းများ လှူဒါန်း ပြီး ကျန်ပြည်သူများအားလည်း ဆက်လက်လှူဒါန်းခဲ့ကြသည်။ ထို့အပြင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး တို့တွင် ရေကြီးရေလျှံ သဘာဝဘေးဒဏ် ခံစားနေကြရသော သဘင်မိသားစုများနှင့် ပြည်သူများအား လှူဒါန်းနိုင်ရန် အတွက်သဘင်လူမှုကူညီစောင့်ရှောက်ရေးကော်မတီ (ဗဟို)သို့ မန္တလေးတိုင်းဒေသကြီး သဘင်လူမှုကူညီ စောင့်ရှောက် ရေးကော်မတီက အလှူငွေကျပ် ၁ဝသိန်း လှူဒါန်းခဲ့ပါသည်။ မြန်မာနိုင်ငံအတွင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း စသည့် ဒေသများတွင် ရေကြီးရေလျှံသော သဘာဝဘေးအန္တရာယ် ကြုံတွေ့ ခံစားနေကြသည့် မြန်​မာနိုင်​ငံသူ၊ နိုင်​ငံသား ပြည်​သူများနှင့်​အတူ သဘင်အစည်းအရုံးဝင်များ၊ သဘင် မိသားစုများနှင့် ပြည်သူများအတွက် အထူးပင် စာနာဝမ်းနည်းရပါကြောင်း

မြန်မာနိုင်ငံသဘင်အစည်းအရုံး အနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ သဘင်လူမှုကူညီစောင့်ရှောက်ရေးကော်မတီများနှင့် ပူး ပေါင်းကာ လှူဒါန်းကူညီမှုများပြုလုပ် သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူပြည် သားအားလုံး ဘေးဘယာ အပေါင်း ကင်းရှင်း၍ ငြိမ်းချမ်းသာယာကြ ပါစေကြောင်း ဆုမွန်ကောင်းတောင်း အပ်ပါကြောင်းစသည့် ကြေညာချက် တစ်စောင်ကိုလည်း မြန်မာနိုင်ငံ သ ဘင်အစည်းအရုံး(ဗဟို)ကထုတ်ပြန် ခဲ့သည်။ကြေညာချက် ထုတ်ပြန်မှုပြီးပြီး ချင်းမှာပင် လှူဒါန်းမှုများကိုလုပ်ဆောင် ခဲ့ကြခြင်းဖြစ်သည်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here