ပဲခူးမြို့ရေဘေးသင့်ဒေသရှိ အလှူရှင်တွေ အရောက်နည်းတဲ့နေရာအထိ သွားရောက်လှူဒါန်း ဖြစ်တဲ့ ထွန်းကိုကို

0
160

မော်ဒယ်လ်၊ သရုပ်ဆောင် ထွန်းကိုကိုဟာ ပရဟိတအလုပ် တွေကို လုပ်ဆောင်ရတာ ပျော်မွေ့ သူတစ်ယောက် ဖြစ်ပါတယ်။ ဒုက္ခ ရောက်ရှိနေတဲ့ နေရာတိုင်းကို လူအားရော၊ ငွေအားရော အမြဲတမ်း ကူညီဖြစ်နေတဲ့ သရုပ်ဆောင်တစ်ယောက် ဆိုလည်း မမှားပါဘူး။ ကိုယ့်မွေးရပ်ဇာတိမြေ ပဲခူးမြို့မှာ ရေကြီးနေတယ်ဆိုတာနဲ့ အလျင်အမြန် သွားရောက်လှူ ဒါန်းဖြစ်ပုံကို ထွန်းကိုကိုက …

”ကျွန်တော်က ပဲခူးသားတစ်ယောက်ပါ။ ပဲခူးမှာ အနောက်ဘက် အခြမ်းက ရေကြီးနေတယ်။ အရှေ့ ဘက်အခြမ်းက ရေမကြီးပေမယ့် လေဆင်နှာမောင်း ဝင်သွားတယ်။ ကျွန်တော် သတင်းရတာနဲ့ နာရေးကူ ညီမှုအသင်း ဦးကျော်သူဆီကို ရထားတဲ့ အချက် အလက်တွေ အကုန်ပို့ပေးတယ်။ ဦးကျော်သူက အလှူ ငွေတွေချပေးတယ်။ ဆန်၊ ဆီ၊ ငါး သေတ္တာတွေ သွား ရောက်လှူဒါန်း ဖြစ်တယ်။ ကျွန်တော့်ဘက်ကလည်း ထွန်းကိုကို ချစ်သူများအဖွဲ့ကနေ အလှူငွေတွေရ တဲ့ဟာကို တစ်နေရာမှာ အထိုင်ချပြီးတော့ သီးစုံပဲ ကုလားဟင်း၊ ဘဲဥ၊ ငါးနီတူကြော်၊ ထမင်းအပါအဝင် အဆင်သင့်စား နိုင်မယ့် အရာတွေ လှူဒါန်းဖြစ်တယ်”လို့ ပြောပြခဲ့ပါတယ်။ ဘယ်လိုနေရာတွေမှာ အဓိက သွား ရောက် လှူဒါန်းဖြစ်ခဲ့လဲဆိုတာနဲ့ ပတ်သက်ပြီး ထွန်းကိုကို က…

”လမ်းမတန်းမှာရှိတဲ့ ဒုက္ခသည်စခန်းတွေက အလှူ တွေ ပြည့်နှက်နေတယ်။ ရေအများကြီးမရှိတော့ အဲဒီမှာ အဓိကလှူဒါန်းကြတယ်။ ဟိုးရေနက်ထဲ လှေတစ်ဆင့်၊ ကုန်းကြောင်းတစ်ဆင့်၊ ရွှံ့တွေဗွက်တွေနဲ့ သွားရတဲ့ နေရာကျတော့ တော်တန်ရုံ မသွားကြဘူး။ အဲဒီနေရာမှာ လူမပြောနဲ့၊ ဘုန်းကြီးတွေတောင် ဆွမ်း ဘုန်းမပေးရတဲ့ နေ့တွေရှိတယ်။ အဲဒီလိုနေရာတွေကို ရောက်အောင် အဓိက သွားပြီးလှူဒါန်းဖြစ်တယ်”လို့ ပြောပြခဲ့ပါတယ်။

ကိုယ်တိုင်လည်း သွားရောက်လှူဒါန်းဖြစ်တယ်။ အလှူရှင်တွေ သွားရောက်လှူဒါန်းမယ်ဆိုရင် ဘာတွေ အဓိက လိုအပ်မလဲဆိုတာကို ထွန်းကိုကိုက ဆက်လက် ပြောပြပါတယ်။”အလှူရှင်တွေ သွားရောက်လှူဒါန်းမယ်ဆိုရင် အသင့်စားနိုင်တဲ့ အစားအသောက်တွေ၊ ဥပမာ- ငါး သေတ္တာတို့၊ မုန့်ခြောက်တို့ သူတို့ဆီမှာက အခုပိုက်ဆံ ရှိရင်တောင် ဝယ်စားဖို့က အဆင်မပြေဘူး။ ရေကြီးနေ တော့ သောက်ရေတွေကလည်း မသန့်တော့ ဝမ်းပျက် ဝမ်းလျှောတွေ ဖြစ်ကြတယ်။ ရေသန့်လည်းလိုတယ်။ ပြီးတော့ ဆေးဝါးလည်းလိုတယ်။ ရေကလည်းကြီးနေတယ်၊ မိုးကလည်း ရွာနေတယ်ဆိုတော့ အဝတ်အစားဆို အနွေး ထည်လိုမျိုး နွေးနွေးထွေးထွေး ရှိမယ့်အရာမျိုးတွေ လိုအပ် တယ်” လို့ ပြောပြခဲ့ပါတယ်။ အခုလိုပရဟိတအ လုပ်တွေ လုပ်ကိုင်နိုင်အောင် နောက်ကနေ ပံ့ပိုးပေးတဲ့ မိသားစုဝင် တွေ၊ ပရိသတ်တွေအားလုံးကို ကျေးဇူးအများကြီး တင်မိ ကြောင်းနဲ့ ရုံတင်ဖို့ ရုပ်ရှင်ဇာတ်ကားကြီး တွေလည်းရှိသေး တာ မို့ အားပေးကြပါ ဦးလို့ပရိသတ်တွေ ကို ထွန်းကိုကို က ပြောပြခဲ့ ပါတယ်။

ခိုင်ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here