Jack ’n Jill မိသားစုက ပဲခူးတိုင်း ရေဘေးသင့်ပြည်သူများထံ အသင့်စား အစားအသောက်များ သွားရောက်လှူဒါန်း

0
118

URC Myanmar Company ရဲ့Jack ’n Jill မိသားစုမှ သြဂုတ်လ ၂ ရက်နေ့က ပဲခူးတိုင်းဒေသကြီး အ တွင်းရှိရေဘေးသင့်ပြည် သူများထံ သွားရောက်ပြီး Jack ’n Jill မှ ထုတ် လုပ်တဲ့ အသင့်စားအစားအစာများ ကို လှူဒါန်းခဲ့ကြပါတယ်။ ရေဘေး သင့်ပြည်သူများ လက်ရှိခိုလှုံနေထိုင် ရာဖြစ်တဲ့ ပဲခူးမြို့၊ ရွှေမော်ဓော ဘုရားအနီးမှာ Russel ၊လီယို စတဲ့ အနုပညာရှင်များနဲ့အတူ သွား ရောက်ပြီး လှူဒါန်းခဲ့ခြင်းလည်း ဖြစ် ပါတယ်။ ရေဘေးသင့်ပြည်သူများအနေ နဲ့ လက်ရှိမှာ စားဝတ်နေရေးအခက် အခဲရှိနေတာဖြစ်တဲ့အတွက် အာဟာ ရ ပြည့်ဝတဲ့ စားသောက်ဖွယ်ရာများ စားသောက်နိုင်စေဖို့အတွက်နဲ့ အား ပေးနှစ်သိမ့်ပေးဖို့အတွက်ဆိုတဲ့ ရည် ရွယ်ချက်နဲ့ အနုပညာရှင်များကလည်း တက်တက်ကြွကြွပါဝင်ကူညီပေးခဲ့ ကြတာ ဖြစ်ပါတယ်။

URC Myanmar Company ရဲ့ Manager တစ်ဦးဖြစ်တဲ့ မလဲ့လဲ့ ငယ်က အသင့်စား အစားအသောက် များ လှူဒါန်းခြင်းနဲ့ပတ်သက်ပြီး ခုလို ပြောပြခဲ့ပါတယ်။

”ပဲခူးနဲ့ အနီးတစ်ဝိုက်ပတ်ဝန်းကျင်ဒေသတွေမှာ ရေဘေးဒုက္ခကြုံ နေကြရတယ်ဆိုတာကို ကြားသိလိုက် ရတဲ့အခါ အစ်မတို့ Company အနေ နဲ့ အစည်းအဝေးလုပ်လိုက်ပါတယ်။ အစည်းအဝေးလုပ်ပြီးတဲ့အခါမှာ သွားရောက်လှူဒါန်းဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ ရေဘေးသင့်ပြည်သူ တွေ့ကြုံတွေ့နေရတဲ့ အခက်အခဲ တွေကို နှစ်သိမ့်နိုင်ဖို့၊ ဖြေသိမ့်နိုင်ဖို့ သွားရောက်လှူဒါန်းရခြင်းဖြစ်ပါ တယ်။ ခုလို လှူဒါန်းရတဲ့အတွက် လည်း တအားကို ဝမ်းသာပီတိဖြစ်ရပါ တယ်”လို့ မလဲ့လဲ့ငယ်က ပြောပြခဲ့ပါ တယ်။

ပဲခူးတိုင်းဒေသကြီးမှာ မကြာမီ ရက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် မြစ်ရေများ စိုးရိမ်ရေမှတ် အထက် ကျော်လွန်ခဲ့ပြီး လက်ရှိမှာ တော့ စိတ်ချရတဲ့အခြေအနေ မ ဟုတ်သေးပေမယ့် မြစ်ရေတက်မှု အ နည်းငယ်လျော့ကျသွားကြောင်း သိရ ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here