ရွှေထူး၊ Bobby Soxer တို့ရဲ့ ဖျော်ဖြေမှုတွေနဲ့ နိုင်ငံကျော် အနုပညာရှင်များစွာတက်ရောက်ခဲ့ကြတဲ့ Eliza 1st Anniversary

0
227

ဇူလိုင်လ ၂၈ရက်၊ ညနေပိုင်းက Eliza Skin Care ရဲ့ တစ်နှစ်ပြည့် အထိမ်းအမှတ်ပွဲကို ရန်ကုန်မြို့၊ Junction City မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ ဖွင့်လှစ်ခဲ့တဲ့ တစ်နှစ် အတွင်း ရန်ကုန်၊ မန္တလေးနှစ်မြို့ စလုံးမှာ Eliza က နေရာယူထားပြီး အလှအပနဲ့ ပတ်သက်လို့ Eliza က နာမည်ကြီးပါတယ်။ ရန်ကုန်မှာ သီချင်းမဆိုရတာ ကြာပြီဖြစ်တဲ့ ရွှေထူးကတော့ ပရိသတ်တွေနဲ့ တွေ့ရတာ ပျော်ရွှင်လို့နေပြီးBobby Soxer ရဲ့ ဖျော်ဖြေမှုမှာလည်း ပရိ သတ်တွေများစွာ အားပေးခဲ့ကြပါတယ်။

”ရန်ကုန်က ပရိသတ်နဲ့ မဆုံရတာတော်တော်ကို ကြာသွားပြီ။ ရန်ကုန်မှာ ကလည်း ပွဲတွေ မရှိကြတော့လေ။ အဲဒါနဲ့ ကျွန်တော့် ပရိသတ်တွေကလည်း ပွဲကြည့်ချင်တယ်ဆိုတော့ ကျွန်တော်ဒီပွဲလေးကို လက်ခံဖြစ်သွားတယ်။ ကိုဂျွန်လွင်က ပွဲစီစဉ်တာဆိုတော့ ဒီပွဲလေးမှာ သီချင်းဆိုဖြစ်တယ်” လို့ ရွှေထူး က ပြောပါတယ်။ Eliza ရဲ့ MD ဖြစ်သူ မရတနာဝင်းက…

”One Year ဆိုတာက မတ်လ မှာ စပြီးတော့ ပြည့်တာပေါ့နော်။ ပွဲတစ်ခုခု လုပ်မယ်ဆိုပြီး စီစဉ်ရင်းနဲ့ နောက်ဆုံးမှာ ဦးဂျွန်နဲ့ တိုင်ပင်ရင်းနဲ့ Junction City မှာ လုပ်ဖြစ်သွားတာပါ။ အဓိကကတော့ Customers တွေအတွက် Reward ပေါ့နော်။ ညီမတို့ဘက်က ပေးနိုင် တာတွေပေါ့။ ဥပမာ- Discount တွေ၊ Treatment တွေ၊ Award ပေးဖို့ စီစဉ်ပြီးဒီပွဲလေးကို ပြုလုပ်ဖြစ် သွားတာပါ” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here