ဂီတ၊ ရုပ်ရှင်၊ အခမ်းအနား တင်ဆက်သူ ဘယ်အပိုင်းကိုအဓိကသွားမှာလဲ Russell

0
131

အိပ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲကနေ ပေါ်ထွက်လာခဲ့တဲ့သူ့ကို ဂီတဘက်မှာ အောင်မြင်စေ ချင်ကြတဲ့သူတွေ ရှိတယ်။ နောက်ပိုင်း သူက အခမ်းအနားတင်ဆက်သူ MC အဖြစ် လုပ်ကိုင်ဖြစ်တယ်။ ပြီးတော့ ‘ည’ ရုပ်ရှင်ဇာတ်ကားမှာ စတင်ပြီး သရုပ်ဆောင်အဖြစ်မြင်တွေ့ခဲ့ရတယ်။ တစ်ကိုယ်တော် စီးရီးခွေမထွက်ဖြစ်သေးဘူးလားဆိုတဲ့ ပရိသတ်တွေကို Russell က …

”သီချင်းတွေစုနေပါတယ်။ ဒါပေမဲ့ အဓိကကတော့ အခုချိန်မှာ ကျွန်တော် MC ပိုင်းကို ပိုပြီးလုပ်ကိုင်ဖြစ်နေပါတယ်။ တခြားလုပ် ကိုင်နေတဲ့ Project တွေလည်းရှိနေတော့လေ။ မလုပ်ဖြစ်သေးဘူးပေါ့နော်။ ဒါပေမဲ့ တစ်ကိုယ်တော်အခွေထွက်ဖို့တော့ရှိပါတယ်။ ပွဲလေးတွေမှာ MC လုပ်၊ ပိုက်ဆံလေးတွေ စုပေါ့”လို့ ပြောပါတယ်။

‘ည’ရုပ်ရှင် ဇာတ်ကားရိုက်ပြီးစီးသွားတဲ့အခါ ဘာတွေထပ်လာဦးမလဲလို့မေးတော့ …

”သရုပ်ဆောင်ပိုင်းမှာတော့ ကျွန်တော် ၃ လပိုင်းက ‘မျက်နှာဖုံးများ’ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးထားတယ်။ ပြီးတော့ ဒီနှစ်ထဲမှာပဲ တခြား ဇာတ်ကားလေးတွေလည်း ကမ်းလှမ်းထားတာရှိတယ်။ ကျွန်တော်လုပ်ချင်တာတွေ တအားများနေတော့ အချိန်ကို ပြန်ပြီးတော့ Organize ပြုလုပ်နေရပါတယ်”လို့ Russell က ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here