ဒေါင်းနီကာရိုက်တာနဲ့ အကယ်ဒမီထင်ကြေးပေးနေတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်အိန္ဒြာကျော်ဇင်

0
407

ပရိသတ်များရဲ့ အချစ်တော် သရုပ်ဆောင် အိန္ဒြာကျော်ဇင်က ‘ဟစ်တိုင်’ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ရိုက်ကူးထားပြီး လတ်တလောမှာတော့ ကြော်ငြာ လေးတွေပဲရိုက်ကူးဖြစ်နေတယ်လို့ဆိုပါတယ်။ သက်ငယ်မုဒိမ်း ပညာပေးဇာတ်ကား တစ်ကားဖြစ်တဲ့ ‘ဟစ်တိုင်’ ရုပ်ရှင်ဇာတ်ကားကို ရုပ်ရှင်တစ်ခါမှ မရိုက်ရသေးတဲ့ နေရာတွေမှာ သွားရောက်ရိုက်ကူးခဲ့တဲ့အတွက် အမှတ်တရတွေအများကြီးရှိနေ ပုံကိုလည်း အိန္ဒြာကျော်ဇင်က …

“ရုပ်ရှင်တစ်ခါမှ မရိုက်ဖူးတဲ့ဆင်ဖြူကျွန်းမြို့ဘက်မှာသွားရောက်ရိုက်ကူး တဲ့အခါ ကွာခြားမှုလေးတွေက အဲဒီရွာမှာက ရုပ်ရှင်တစ်ခါမှ မရိုက်ဖူးဘူး။ မရိုက် ဖူးတော့ အစ်မတို့ သွားကြတဲ့အခါကျတော့ သူတို့အတွက် အသစ်အဆန်းဖြစ်ပြီး တော့ တအားအားပေးကြတယ်။ နောက်ပြီးတော့ အများကြီးကူညီကြတယ်။ သဘောအားဖြင့် အစ်မတို့ရိုက်ကူးနေကျ ပုပ္ပားတို့လိုနေရာတွေဆို နည်းနည်း ရိုးနေပြီပေါ့နော်။ အခုဆင်ဖြူကျွန်းနေရာကျတော့ သူတို့အတွက်က တကယ့်ကို တစ်ခါမှ မမြင်ဖူးဘူးဆိုတော့ အမြဲတမ်းရိုက်ကွင်းတည်တိုင်း ပရိသတ်က အပြည့်ပဲ။ ပြီးတော့ လိုအပ်တဲ့ဟာတွေလည်း အကုန်လုံးကူညီကြတယ်။ အစ်မ တို့ တည်းဖို့ဆိုရင်လည်း တစ်အိမ်လုံးငှားပေးတာတို့ အဲဒီလိုမျိုးတွေရှိခဲ့တာ ပေါ့။ ဒါလေးက အမှတ်တရပေါ့။ ပြီးတော့ ဇာတ်ကားနဲ့ပတ်သက်ပြီး ပြောရ မယ်ဆိုရင်တော့ အစ်မက အဲဒီကာရိုက်တာကို တအားပင်ပန်းခဲ့တယ်။ ဇာတ် လမ်းကလည်း တအားကောင်းတယ်။ နောက်ပြီးတော့ ဒေါင်းနီလုပ်ရတဲ့ အိုက်တင်တွေ၊ ခံစားချက်တွေက တော်တော်လေး ပြင်းထန်တဲ့အခါကျတော့ စိတ်ရော လူရော တအားပင်ပန်းခဲ့တယ်။ အဲဒီဇာတ်လမ်းလေးက ပညာပေး ဇာတ်လမ်းလေးဖြစ်တာ အရေးကြီးဆုံးပေါ့။ ဒါက လူထုအတွက်ကို ပညာပေး တဲ့ ဇာတ်လမ်းဖြစ်တဲ့အတွက် အစ်မအတွက် တအားတာဝန်ကြီးတယ်။ ကိုယ် မကောင်းခဲ့လို့ရှိရင် ဇာတ်လမ်းကြီးတစ်ခုလုံးမှာ ကိုယ်က အရေးကြီးဆုံးနေရာက ပါဝင်ရတဲ့ အခါကျတော့ ပေါ့လို့မရဘူး။ တအားအရေးကြီးတဲ့ တာဝန်ယူထားတဲ့ အတွက် အစ်မပိုပြီးတော့ တာဝန်ကြီးတယ်။ အဲဒီအတွက်လည်း အကောင်း ဆုံးကြိုးစားထားပါတယ်”လို့ ပြောပါတယ်။

‘ဟစ်တိုင်’ ရုပ်ရှင်ဇာတ်ကား မထွက်ရှိခင်ကတည်းက ဝတ္တုတွထွက်ရှိ ထားပြီး ဒေါင်းနီကာရိုက်တာကို အကယ်ဒမီပေးနေတဲ့အပေါ် အိန္ဒြာကျော်ဇင် က …

“အဲဒါက ဝတ္တုတွေ တချို့ဖတ်ထားပြီးတဲ့ သူတွေရှိတယ်။ အဲဒီတော့ ဒေါင်းနီရဲ့လုပ်ရတဲ့ လုပ်ကွက်တွေ၊ သူ့ရဲ့ကာရိုက်တာ၊ ဇာတ်ကွက်တွေ အကုန် လုံးကို သိနေကြတဲ့အခါကျတော့ လုပ်ကိုင်ရတာတွေက ပင်ပန်းပြီးတော့ ခက်ခဲ တယ်။ နောက်ပြီးတော့ ခံစားချက်တွေကလည်း တအားထည့်ရတာကို သူတို့က ကြိုသိနေတဲ့အခါကျတော့ ဒါအကယ်ဒမီ ဇာတ်ရုပ်ပဲလို့ သူတို့ ထင်ကြတာပေါ့။ အစ်မအနေနဲ့ကတော့ အတတ်နိုင်ဆုံး၊ အကောင်းဆုံးကြိုးစားထားတယ်။ အဲဒီ ဇာတ်ကားရိုက်ကူးတဲ့ အချိန်မှာလည်း ဒေါင်းနီနေရာက ကိုယ်ကိုယ်တိုင် ခံစား ချက်တွေထည့်ရတဲ့ အခါကျတော့လုပ်ရတာ တအားအဆင်ပြေတယ်။ အကယ် ဒမီကတော့ မသိပါဘူး”လို့ ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here