ရွှေပါရမီ ပညာရေး ဖောင်ဒေးရှင်းမှ ဆဋ္ဌမအကြိမ်မြောက် တက္ကသိုလ် ပညာသင်ဆု ချီးမြှင့်

0
155

ရွှေပါရမီပညာရေးဖောင်ဒေး ရှင်းက ၂ဝ၁၈ ခုနှစ်အတွက် ဆဋ္ဌမ အကြိမ်မြောက် တက္ကသိုလ်ပညာသင် ဆု ချီးမြှင့်ခြင်း အခမ်းအနားကို ဇူလိုင်လ ၂၉ ရက်နေ့က ရန်ကုန်မြို့ LOTTE Hotel မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ နိုင်ငံတော်သမ္မတ ဦးဝင်း မြင့်၊ ပညာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်း ကြီးနဲ့ အနုပညာရှင်များလည်း တက် ရောက်ခဲ့ကြပါတယ်။ နိုင်ငံတော် သမ္မတဦးဝင်းမြင့်က အမှတ်တရ ဂုဏ်ပြုစကားပြောကြားခြင်း၊ ဆုရ ကျောင်းသူကျောင်းသားများအား ပညာသင်ဆုချီးမြှင့်ခြင်းစတဲ့ အစီ အစဉ်တွေ ပါဝင်ခဲ့ပြီး ရွှေပါရမီဖောင် ဒေးရှင်းရဲ့ ဦးဆောင် ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီ တောရ)ကလည်း…

”ပညာရေးလိုအပ်ချက်ကို ဖြည့် ဆည်းပေးတယ်။ ပညာရေးပရဟိတ အလုပ်ကို လုပ်တယ်ဆိုတာ ကိုယ်နဲ့ သွေးမတော်သားမစပ်တဲ့ သက်ရှိ ပုဂ္ဂိုလ်တွေကို အမြတ်ဆုံးဖြစ်တဲ့ ပညာအမွေကို ပေးတာပါပဲ။ မိဘက သားသမီးအရင်းကို ပညာအမွေပေး တာဟာလည်း ကုသိုလ်ပါပဲ။ ရတနာ သုံးပါးကို လှူတာတို့၊ စတုဒိသာကျွေး တာတို့၊ ဘိုဘွားရိပ်သာတို့ စသည် အားဖြင့် လူမှုရေးအလှူတွေ သာသနာ ရေးအလှူတွေမှ ကုသိုလ်မဟုတ် ပါဘူး။ ပညာအမွေပေးတာ ပြုစုပျိုး ထောင်ပေးတာ ပညာရေးအတွက် အကုန်အကျခံတာတွေဟာလည်း ကုသိုလ်ပါပဲ။ ပညာရေးပရဟိတ ကုသိုလ်ရှင်တွေအနေနဲ့က ကိုယ် ထောက်ပံ့လိုက်တဲ့ ကျောင်းသား ကျောင်းသူတွေဆီက ဘာတုံ့ပြန်မှုကို မှ မမျှော်လင့်ဘူး။ နှောင်ကြိုးမဲ့ ပရဟိတဆိုတဲ့အတိုင်း ဘွဲ့ရသွားပြီး ရင် လွတ်လပ်စွာ ရှင်သန်ခွင့်ရှိပါ တယ်” လို့ ဝမ်းမြောက်စွာ အနုမော ဒနာစကား မိန့်ကြားခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here