သင်ဇာဝင့်ကျော် နဲ့ Kande ရေသန့်တို့ ပူးပေါင်းပြီး မသန်စွမ်းကလေးများ ကျောင်းမှာ သွားရောက်လှူဒါန်း

0
258

သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ Kandeရေသန့်တို့ ပူး ပေါင်းပြီး ရှစ်မိုင်ရှိ မသန်စွမ်းကလေးများပြုစုစောင့်ရှောက်ရေးဂေဟာ မှာ ဇူလိုင်လ ၃ ရက်နေ့က ဆန်၊ ဆီနှင့် ရေသန့်ဘူး ၂ဝဝဝ တို့ကို လှူဒါန်းခဲ့ကြသလို မုန့်များလည်း ကျွေးမွေးလှူဒါန်းခဲ့ပါတယ်။ အခုလို လှူဒါန်းမှု နဲ့ပတ်သက်ပြီး သင်ဇာဝင့်ကျော်က –

”Kandeရေသန့်က ကမ်းလှမ်းလာတယ်။ သင်ဇာ့ရဲ့ ပေါ်ပြူလာ တအားဖြစ်သွား တဲ့ post ကို သူတို့ page မှာ share မယ်။ Like & Share တစ်ခုကို ရေသန့်တစ်ဘူး မသန်စွမ်း မိဘမဲ့ကလေးတွေကို လှူဒါန်းမယ်လို့ ကမ်းလှမ်းလာပါတယ်။ ကိုယ်လည်းကုသိုလ် ရမယ်။ သူတို့လည်း ကုသိုလ်ရမယ်။ ကလေးတွေအတွက်လည်း အကျိုးရှိမယ်ဆိုတဲ့ စိတ်ကူးနဲ့ လက်ခံလိုက်တာပါ။ တကယ်ကို စိတ်မကောင်းပါဘူး။ သူတို့က ဒီဘဝမှာ လူဖြစ်ကျိုးမနပ်ဘူးပေါ့။ ဒီလိုမျိုး လာပြီးခံစားနေရတယ်။ အဲဒီလိုလူမျိုးလေးတွေအတွက် သင်ဇာ အစကတည်းကအလှူ လုပ်ပေးချင်နေတာပါ။ Kandeကုမ္ပဏီကလည်း ကမ်း လှမ်းလို့ ကြုံကြိုက်သွားလို့ အလှူပြုလုပ်ဖြစ်တဲ့အတွက် နှစ်ဆပိုပြီး ဝမ်းသာရပါတယ်”လို့ ပြောပါတယ်။ ဒီအလှူ မှာ သင်ဇာဝင့်ကျော်က မသန်စွမ်းကလေးများအတွက် အလှူ ငွေကျပ် ၅သိန်း ပေးအပ်လှူဒါန်းခဲ့ပါတယ်။

P-060


LEAVE A REPLY

Please enter your comment!
Please enter your name here