သားလေးရဲ့ စိတ်ထဲမှာ နာကျင်သွားစေမယ့် အရာမျိုးတွေ မလုပ်ဘူးဆိုတဲ့ ဆုပန်ထွာ

0
265

 

ကိုဥက္ကာကျော်နဲ့ ဆုပန်ထွာတို့ ဇနီးမောင်နှံက သားဖြစ်သူ Roar Roar ကျော်ကို သိပ်ချစ်ကြတဲ့ မိဘတွေရယ်ပါ။ သားဖြစ်သူကို အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေပြီး သားဖြစ်သူရဲ့ လိုအင်ဆန္ဒတွေကို လည်း အမြဲဖြည့်ဆည်းပေးနေ ကြပါတယ်။ကလေးဆိုတာငယ်စဉ်ကာလ မှာ သူတို့ဘေးနားမှာရှိတဲ့ အနီးစပ် ဆုံးလူတွေရဲ့ အပြောအဆိုအမူအကျင့်အတိုင်း လိုက်လံပြုလုပ်လေ့ ရှိတဲ့ အတွက် ဘေးနားကလူတွေကို အမြဲသတိထားခိုင်းတယ်လို့ ဆုပန် ထွာက ပြောပါတယ်။

”ကောင်းသောသင်ခြင်း၊ ကောင်းသောပြောခြင်း ကောင်းသော အမူအကျင့်တွေပဲကလေးရှေ့မှာနေပေးပါ၊လုပ်ပေးပါလို့ တစ်အိမ်လုံးကို Request လုပ်တယ်။ မပန်ကတော့ အကောင်းဆုံးဖြစ်အောင်တော့ သားလေးအတွက် အမြဲတမ်းစဉ်းစားပြီး လုပ်ကိုင်ပေးဖြစ်ပါတယ်။ ဒါဟာကလည်း အမေ တိုင်းပဲနေမှာပါ။ အမေတိုင်းကတော့ ကိုယ့်သားသမီးတွေကို အ ကောင်းဆုံး ဖြစ်အောင်ကြိုးစားပြီးတော့ ကျွေးမွေးပြုစုစောင့်ရှောက်ကြတာပေါ့။ အဲဒီ အထဲမှာမှ မပန်သည်လည်း မိခင်တစ်ယောက်ဖြစ်တဲ့အ တွက်ကြောင့် မပန် သိသလောက် တတ်သလောက်သားလေးကို သတိထားပြီးတော့ လုပ်ကိုင် ပေးတယ်။ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာကို မပန်တအားသတိထားတယ်။ Roar Roar ကို တအားငိုတာမျိုး၊ သူတအားစိတ်ဆင်းရဲတာမျိုး မဖြစ်စေရဘူး။ မပန်ဆိုရင်သားလေးရဲ့ မျက်နှာကို အမြဲတမ်းကြည့်နေတယ်။ လုံးဝငြို ငြင်မခံ ဘူး။ သဲသဲလှုပ်တာမဟုတ်ဘူး။ ကလေးတွေရဲ့ စိတ်မှာနာကျင်သွားမှာမျိုး၊ ခံစားရမှာမျိုး အဲဒါလေးကအစသားလေးကိုသတိထားပြီးတော့ကြည့်ပေး တယ်၊ လုပ်ပေးတယ်။ ပြင်ပေးတယ်” လို့ သားဖြစ်သူနဲ့ပတ်သက်လို့ပြုစု ပျိုးထောင်နေမှုအပိုင်းကို ဆုပန်ထွာက ပြောပါတယ်။
ဆုပန်ထွာတို့ မိသားစုက သာယာအေးချမ်းတဲ့ မိသားစုလေးလည်း ဖြစ်ပါတယ်။ ဒီလိုသာယာအေးချမ်းတဲ့ မိသားစုဘဝလေးကို တည်ဆောက် ထားနိုင်တာက ခင်ပွန်းဖြစ်သူကိုဥက္ကာကျော်နဲ့လည်းဆိုင်တယ်လို့ သူက ပြောပါတယ်။

”ကိုဥက္ကာက မပန်ကိုရော၊ သားလေးကိုရော စိတ်ချမ်းသာအောင် ထား တယ်။ အိမ်ကမိသားစုကို သူ့အနေနဲ့အကောင်းဆုံးဖြစ်အောင် လုပ် ကိုင်ပေး တယ်။ အိမ်မှာကားမောင်းတဲ့ကလေးတွေပဲဖြစ်ဖြစ်၊ ခြံထဲမှာအလုပ် တဲ့ ကလေးတွေပဲဖြစ်ဖြစ် မပန်တို့အိမ်မှာ အိမ်အကူလုပ်ပေးတဲ့ ကလေးတွေ ပဲဖြစ်ဖြစ် သူဂရုစိုက်ပေးတယ်။ သတိ ထားပြီးတော့အားလုံးကို ပြည့်စုံအောင် ဖြည့် ဆည်းပေးတယ်။ သူကမပန်တို့ မိသားစု တင်မကဘဲ သူနဲ့ပတ်သက်တဲ့လူတွေ အားလုံး ကို အကောင်းဆုံးဖြစ်အောင်လုပ်ကိုင်ပေး တယ်။ အဲဒီအတွက်ကြောင့်မို့ လို့လည်းမပန် သူ့ကို ကျေးဇူးတင်တယ်။ မပန်ကိုဆိုရင်လည်း စိတ်ငြိုငြင်အောင် စိတ်ဆင်းရဲအောင် မလုပ် ဘူး။ တစ်ယောက်နဲ့ တစ်ယောက် လည်း နားလည်အောင်ပြောပြကြတယ်။ မပန်လည်း ယောက်ျားနဲ့သား အပေါ်မှာ အတတ်နိုင်ဆုံး၊ တာဝန် အကျေပွန်ဆုံးဖြစ်အောင် လစ် ဟင်းမှုမရှိအောင်ကြိုးစားပြီးနေ တယ်” လို့ ဆုပန်ထွာက ပြောပါ တယ်။

လင်းအက္ခရာ

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here