Prince and Princess International 2018 ပြိုင်ပွဲမှာ Mister Pre-Teen Winner ဆုအပါအဝင် ဆု ၄ ဆု ရယူနိုင်ခဲ့တဲ့ စည်သူကျော်

0
194

ထိုင်းနိုင်ငံ ဖူးခက်မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ Princess and Princess International 2018 ပြိုင်ပွဲမှာ မြန်မာ ကိုယ်စားပြုအနေနဲ့ Mister Pre-Teen ကဏ္ဍမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် စည်သူကျော်က နိုင်ငံပေါင်း ၄၂ နိုင်ငံကို ဖြတ်ကျော်ပြီး Mister Pre-Teen Winner ဆုကို သိမ်းပိုက်နိုင်ခဲ့ တဲ့အပြင် ဇော်ဂျီအကနဲ့ The Best Talent Award ကိုလည်း ရယူခဲ့ပြီး Title ဆု ၂ ဆုအပါအဝင် စုစုပေါင်း ဆုတံဆိပ် ၄ ခုရယူနိုင်ခဲ့ပါတယ်။

စည်သူကျော်ကတော့ Talent Show မှာ ဇော်ဂျီအကကို ကောင်း မွန်စွာနဲ့ ဆန်းသစ်ကပြနိုင်ခဲ့မှုအပေါ် အင်မတန် ပီတိဖြစ်ခဲ့ရတဲ့အပြင် ဇော်ဂျီအကနဲ့ The Best Talent Award ကို ရယူနိုင်ခဲ့တာကိုလည်း ကျေနပ်မိနေကြောင်း ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အခုကပြခဲ့တဲ့ ဇော်ဂျီအကကို သူကိုယ်တိုင် တီထွင် ဆန်းသစ်မှုတွေနဲ့ မျက်လှည့်ပညာ ကိုပါ ပေါင်းစပ်ပြီး ကပြနိုင်ခဲ့တာ ကြောင့်လို့လည်း ဆိုပါတယ်။ သူပြော သလိုပဲ Prince and Princess International 2018 ပြိုင်ပွဲမှာ လာရောက်ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲဝင် တွေ အကုန်လုံးဟာ ဇော်ဂျီအကရဲ့ ဆန်းသစ်လှပသေသပ်မှုတွေကြောင့် အံ့ဩမှင်တက်ခဲ့ကြတာကို တွေ့ ခဲ့ရ ပါတယ်။

“အဲဒါကြောင့် ကျွန်တော် ကိုယ် တိုင်လည်း ရည်မှန်းခဲ့တယ်။ ဇော်ဂျီ အကနဲ့ Best Talent ဆု ရကို ရရ မယ်၊ ပိုင်လည်း ပိုင်ဆိုင်ရမယ်လို့ ရည်မှန်းထားခဲ့တယ်။ အားစိုက်ပြီး ကြိုးစားထားခဲ့တယ်။ ကြိုးစားခဲ့တဲ့ အတိုင်းလည်း ကျွန်တော်ဟာ နောက်ဆုံးမှာတော့ ဇော်ဂျီအကနဲ့ Best Talent Award ကို ရရှိခဲ့ပါ တယ်။ ပြီးတော့ ကျွန်တော် Team Achievement of The Year ဆုကတော့ မထင်မှတ်ဘဲ ရရှိခဲ့တာ ပါ။ မမျှော်မှန်းထားခဲ့ပါဘူး။ ပြီးတော့ ကျွန်တော် Winner ရခဲ့တယ်။ ရ မယ်လို့တော့ ကိုယ့်ကိုယ်ကိုယ် မထင် ထားပေမယ့် Winner ကတော့ ရချင်တာပေါ့။ မျှော်မှန်းထားတဲ့ အတိုင်း တကယ်ဖြစ်လာပြီး ဆုကြေ ညာလိုက်တဲ့အချိန်မှာ စည်သူကျော် ဆိုတော့ လုံးဝကို ပျော်သွားတာ။ မမျှော်လင့်ထားဘူး။ ဆယ်တန်း အောင်စာရင်း ထွက်တုန်းက ပျော်တဲ့ အပျော်ထက် အဆပေါင်းများစွာ ပိုပျော်တယ်။Winner is Mister Pre Teen Myanmar လို့ အော် လိုက်တဲ့အချိန်မှာ မျက်ရည်ဝဲမိတယ်။ နောက်ထပ်လည်း ကျွန်တော် မြန်မာ နိုင်ငံရဲ့ ဂုဏ်ကိုဆောင်နိုင်တဲ့ သူတစ် ယောက်ဖြစ်အောင် ထပ်မံကြိုးစား သွားဦးမှာဖြစ်ပါတယ်”လို့ စည်သူ ကျော်က ပြောပြပါတယ်။

စည်သူကျော် ထပ်မံပြောပြတာ ကတော့ အခုဝင်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲ ကနေ ဘဝအတွက် အတွေ့အကြုံ ကောင်းတွေ များစွာလည်း တိုးပွား ခဲ့တဲ့အပြင် အသင်းအဖွဲ့လိုက် သွား ရတာကြောင့်လည်း နိုင်ငံပေါင်းစုံနဲ့ ပြောဆို ဆက်ဆံမှုကြောင့် အင်္ဂလိပ် စကားပြော အရည်အသွေးတွေ အရင်ကထက် တိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်။

“ရင်ဆိုင်မှုတွေ များခဲ့ပေမယ့် ကျွန်တော်တို့ရဲ့ Talent ကို သေချာ စွာနဲ့ ချပြခွင့်ရခဲ့ပါတယ်။ ရှေ့ လျှောက်မှာတော့ ကျွန်တော့်ရဲ့ မိခင် အေဂျင်စီဖြစ်တဲ့ MMPA (Myanmar Male Pageant Academy) နဲ့ လက်တွဲပြီး အလုပ်တွေ ဆက်လက် လုပ်ဆောင်သွားပါမယ်။ ဒါတင် မ ဟုတ်သေးဘဲနဲ့ ကျွန်တော်ထပ်ပြီး အရွယ်ရောက်လာရင် Mister ပွဲ ကြီးတစ်ပွဲကိုလည်း ဝင်ရောက်ယှဉ် ပြိုင်နိုင်ဖို့ ကြိုးစားပါမယ်။ အဲဒါ ကြောင့် ကျွန်တော့်ရဲ့ ခန္ဓာကိုယ် ပုံစံ ကိုလည်း အခုထက်ပိုပြီး ကြည့် ကောင်း တောင့်တင်းအောင် ကြိုး စားရဦးမှာ ဖြစ်ပါတယ်” လို့ ပြောပြ ခဲ့ပါတယ်။

စည်သူကျော်ဟာ ထိုင်းနိုင်ငံ ဖူးခက်မှာ ပြုလုပ်ပြီး နိုင်ငံပေါင်း ၄၂ နိုင်ငံ ပါဝင်ခဲ့တဲ့ Prince and Princess International 2018 ပြိုင်ပွဲကို ဇူလိုင်လ ၂၅ ရက်နေ့ကနေ ဇူလိုင်လ ၃၀ ရက်နေ့အထိ ဝင် ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး Winner ဆုတံဆိပ်ကို ကိုင်ဆောင်ပြီး အမိမြန်မာနိုင်ငံတော်ဆီကို ဇူလိုင် လ ၃၁ ရက်နေ့ ညပိုင်းက ပြန်လည် ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here