နိုင်ငံတကာစံချိန် စံညွှန်းနဲ့ မြန်မာပြည်သူတွေ လက်ခံထားတဲ့ စံချိန်စံညွှန်းက ကွာခြားနေတုန်းပါပဲ ဒေါ်ဆွေဇင်ထိုက်

0
241

နိုင်ငံကိုယ်စားပြုအလှမယ်တွေ ရွေးချယ်မယ့် Miss Golden Land Myanmar 2018 ပြိုင်ပွဲမှာ အကယ်ဒမီဆွေဇင်ထိုက်ကလည်း အကဲဖြတ်ဒိုင်တစ်ဦးအဖြစ် ပါဝင်နေပါတယ်။ အမျိုးသမီးငယ်လေးတွေကို နိုင်ငံကိုယ်စားပြုအလှမယ်တွေဖြစ်ဖို့ ဘယ်လိုလေ့ကျင့် သင်ကြားသွားမလဲဆိုတာကိုတော့ ဒေါ်ဆွေဇင်ထိုက်က …

”ကျွန်မတို့က စိတ်ဓာတ်ကိုပဲ စည်းကမ်းရှိရှိနေတတ်ဖို့အတွက်ရော၊ System တစ်ခုထဲမှာ နေတတ်ဖို့ပါ သင်ပေးပါတယ်။ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ဖွံ့ဖြိုးတိုးတက်မှဖြစ်မယ်လေ။ ဒါမှသာ နိုင်ငံကိုယ်စားပြုပြီး အပြင်ကို သွားရောက်ယှဉ်ပြိုင်တဲ့အခါမှာ ကိုယ့်တိုင်းပြည်ရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေ၊ ကိုယ့်လူမျိုးရဲ့ ပုံရိပ်တွေ၊ ကိုယ့်တိုင်းပြည်ရဲ့ ပရိုဂရမ်တွေ၊ သမိုင်း ကြောင်းတွေ သိရှိသွားဖို့လိုအပ်တယ်။ ဒါတွေကိုလည်း ကျွန်မတို့က Training ကာလမှာ အထိုက်အလျောက် သင်ပြပေးတာဖြစ်ပါတယ်။ Training လုပ်ရတာ ၃ မျိုးရှိပါတယ်။ လူအများနဲ့ ပေါင်းသင်းဆက်ဆံတတ် အောင် သင်ပြပေးပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိအောင် သင်ပြပေးပါတယ်။ စင်ပေါ်မှာလုပ်ရတဲ့ Technique တွေကိုလည်း တတ်အောင်သင်ပြပေးပါတယ်” လို့ ဆိုပါတယ်။ ၂ဝ၁၂ နောက်ပိုင်းက စပြီး နိုင်ငံတကာအလှမယ်ပြိုင်ပွဲတွေမှာ မြန်မာကိုယ်စားပြုအလှမယ်တွေအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှု များပြားလာခဲ့ကြတာကြောင့် အတွေ့အကြုံတွေ များလာခဲ့ကြပေမယ့် ကမ္ဘာ့အဆင့်ပြိုင်ပွဲတွေမှာ ဆုရရှိဖို့ အခွင့်အရေးနည်းပါးနေကြပါသေးတယ်။ ဒီအပေါ်မှာတော့ ဒေါ်ဆွေဇင်ထိုက်က …

”ကျွန်မတို့ လူရွေးချယ်ပြီဆိုရင် ဒိုင်လူကြီးတွေကလည်း ကိုယ်ကြိုက်တာ ကိုယ်ရွေးချယ်ကြတာ ပဲ။ နိုင်ငံတကာမှာက နဖူးနဲ့ နှာခေါင်းနဲ့ မေးစေ့နဲ့ ဘယ်လောက်ဆိုတဲ့ အတိုင်းအတာရှိတယ်လေ။ ကျွန်မတို့က မျက်နှာလေးလုံးပြီး ချစ်ဖို့ကောင်းနေရင် ကောင်းတာပဲဆိုပြီး ရွေးချယ်မိတာတွေ လည်းရှိတယ်။ နိုင်ငံတကာစံချိန်စံညွှန်းနဲ့ ကျွန်မတို့ ဒီက အများပြည်သူလက်ခံထားတဲ့ စံချိန်စံ ညွှန်းနဲ့က ကွာနေတုန်းပဲ။ ဒီဟာကို ကျွန်မတို့ ညှိယူရမှာပါ။ Miss Industry ကတော့ တဖြည်းဖြည်းတိုးတက်လာတယ်လို့ ပြောလို့ရပါတယ်။ ၁၉၉ဝ ပြည့်နှစ် အစောပိုင်းကာလတုန်းက ဒီပရိုဂရမ်ကို လက်ခံလာဖို့အတွက် ညှိနှိုင်းရတာတွေ လည်း အများကြီးရှိပါတယ်။ အဲဒီလိုကနေ အခုအပြင်ကို သွားပြိုင်တဲ့ အလှမယ် တွေလည်း သရဖူ မဆောင်းလာနိုင်တာကလွဲလို့ အများကြီးရှိလာပါပြီ။ ကွာလတီ တက်လာဖို့ အတွက်ကိုပဲ ကြည့်ရတော့မှာပါ” လို့ ပြောပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here