အရွယ်တင်နုပျိုရခြင်းရဲ့ အကြောင်းရင်းကိုသရုပ်ဆောင်ခိုင်သင်းကြည်ပြောပြ

0
125

သွက်သွက်လက်လက်နဲ့ ဟာသ ဇာတ်ရုပ်တိုင်းကို အံဝင်ခွင်ကျ သရုပ် ဆောင်တတ်တဲ့ သရုပ်ဆောင် ခိုင် သင်းကြည်ကတော့ လက်ရှိရုံတင်ပြ သလျက်ရှိတဲ့ ‘ပြန်ပေး’ ဟာသ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင် ထားပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာ သူ့ရဲ့ ပါဝင်သရုပ်ဆောင်မှုနဲ့ပတ် သက်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။

”ပြန်ပေးရုပ်ရှင်ဇာတ်ကားက ရိုက်ထားတာတော့ နည်းနည်းကြာပါ ပြီ။ ဒါပေမဲ့ အဝတ်အစားပိုင်းဆိုင်ရာ ခေတ်နောက်ကျကျန်ခဲ့တာတွေ မရှိပါဘူး။ နောက်ပြီးကိုဇော်(အရုဏ်ဦး) ကလည်း အခုခေတ်ဖြစ်နေ တာတွေကို ကြိုပြီး ရိုက်ကူးထားတာဖြစ်တဲ့အတွက်ကွက်တိဖြစ် နေပါတယ်။ ပါဝင်တဲ့သရုပ်ဆောင်တွေအားလုံးကလည်း ကိုယ့် နေရာနဲ့ကိုယ် အကုန်လုံးလိုက်ဖက်ပါတယ်။ အိုက်တင် တွေ ကလည်း ကောင်းတယ်။ ခြုံပြောရရင် မခိုင်လေး ကတော့တအားကြိုက်တဲ့ ဇာတ်ကားပါ။ ဇာတ် ကားထဲမှာသရုပ်ဆောင်ထားတဲ့ ကာရိုက်တာ ကတော့ ကိုခန့်(ခန့်စည်သူ)နဲ့ လင်မယားပေါ့။ မခိုင် လေးက ကိုယ့်ယောက်ျားကို အနိုင်ယူတယ်။ တစ်ခု ခုဆိုရင် ‘ရှင့်ကိုနော်မျက်လုံးနဲ့ပဲ စကားပြောမယ်’ အဲဒီလိုလေးသရုပ်ဆောင်ထားပါတယ်”လို့ ခိုင်သင်း ကြည်က ပြောပါတယ်။

အရင်အတိုင်း အမြဲတမ်းနုပျိုနေ ဆဲလို့ ပရိသတ်တွေက ပြောကြတဲ့အပေါ် သူ့ရဲ့ခံစားမှု ကိုလည်း သရုပ်ဆောင် ခိုင်သင်းကြည်က …

”ပရိသတ်တွေက နုပျိုတယ်လို့ ပြောကြတော့ လည်း ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတာတော့ ကိုယ် လည်း မသိပါဘူး။ ကိုယ့်ကိုယ်ကိုယ် တော့ ကျေနပ်ပါတယ်။ မခိုင်လေးက အရမ်းလှတဲ့ မင်းသမီး ထဲမှာလည်း မပါဘူး။အရင်တုန်းကလည်း တအားမလှဘူး။ ဒါပေမဲ့ ကိုယ်ကအရွယ် မကြီး သွားဘဲနဲ့ အရင်ပုံစံလေး ဖြစ်နေတယ်လို့ ပြောကြ တာပျော်ပါတယ်။ ဒါကတော့ ဘုရား ပေးတဲ့ အတိုင်းပါပဲ။ ဘာမှလည်း အထူးတလည် မလုပ် ပါဘူး။ မျက်နှာဆိုလည်း အခုထက်ထိ ခွဲစိတ်တာ ဆေးထိုးတာ ဘာမှလုပ်မထားပါဘူး။ နောက်ပိုင်း တော့မပြောတတ်ဘူးပေါ့။ အခုချိန်ထိ တော့ဘာမှ မလုပ်ထားပါဘူး။ တအားမလှ ရင် တောင်မှအခုလို အဆင်ပြေပြေ လေးဖြစ်နေတဲ့ မျက်နှာက ဘုရား ပေးတဲ့ မျက်နှာပေါ့။ စိတ်ထား တတ်ဖို့တော့လိုတာ ပေါ့” လို့ ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here