လူတွေကို မယုံကြည်ဖို့ သင်ခန်းစာရလိုက်ပါတယ် ရွှေအိမ်စည်

0
186

Miss Grand International Myanmar သရဖူ ရုပ်သိမ်းခံရပြီး နောက်ပိုင်း အနုပညာအလုပ်တွေကိုပဲ တောက်လျှောက်လုပ်ကိုင်လာတဲ့ ရွှေအိမ်စည်က အခုဆိုရင် Miss Golden Land Myanmar 2018 ပြိုင်ပွဲကို ရခိုင်ပြည်နယ်ကိုယ်စားပြု အလှမယ် အဖြစ်ဝင်ရောက်ယှဉ်ပြိုင် လာတာတွေ့ရပါတယ်။ အရင်က ပြိုင်ပွဲတွေမှာလည်း ပြဿနာ လေးတွေရှိခဲ့တဲ့ ရွှေအိမ်စည်ကအရင် ပြိုင်ပွဲအတွေ့အကြုံတွေအရ လူတွေကို မယုံကြည် ဖို့ သင်ခန်းစာယူဖြစ်တယ်လို့ဆိုပါတယ်။ သရဖူရုပ်သိမ်းခံရပြီးနောက်ပိုင်းမှာပြိုင်ပွဲတွေ ဝင် မပြိုင်တော့ဖို့ စိတ်ကူးထားပေမယ့်လည်း ဘေးကသူ့ကို ချစ်ခင်အားပေးတဲ့သူတွေရဲ့ ခွန်အား တွေကြောင့်ပဲ ပြန်လည်ယှဉ်ပြိုင်ခြင်း ဖြစ်ကြောင်း ကို ရွှေအိမ်စည်က …

”အိမ်စည်ယုံကြည်မှုအတိုင်း အတာတစ်ခုထိ ရှိလို့လည်း ဝင်ပြိုင်တာပါ။ နို့မို့ဆိုရင် အချိန် ကုန်ခံပြီးဝင်ပြိုင်ဖြစ်မှာ မဟုတ်ပါဘူး။ ကိုယ်ကလည်း ဂယက်ထထားတာ လောလော လတ်လတ်မှာလည်း စိတ်ဆင်းရဲမှုတွေ အများ ကြီးဖြစ်ခဲ့တယ်။ မပြိုင်ခင် ၅ ရက်အတွင်းမှာ ဖြုတ်ချခံထားရတာဆိုတော့ပြောမယ်ဆိုရင် အဲဒီ stress ကလူတစ်ယောက်ကို တစ်သက်လုံး မပြိုင်ချင်လောက်ထိအောင် ဖြစ်စေတယ်။ အိမ်စည်ဆိုရင် ဘယ်လောက်ပဲ အလှမယ် ပြိုင်ပွဲတွေကိုဝါသနာပါပါစေဆံပင်တွေလည်း ညှပ်ချပစ်လိုက်တယ်လေ။ မပြိုင်တော့ဘူး၊ မော် ဒယ်လ်ပဲလုပ်တော့မယ်ဆိုပြီးတော့ လုံးဝသေချာနေပြီ။ ဒီစိတ်ကို ပြန်ပြီး ဆွဲယူဖို့ အတွက် အချိန်အတိုင်းအတာအရက သိပ်မယူရဘူး။ စိတ်ပိုင်းဆိုင်ရာအရတော့ တအား အချိန်ယူရတယ်။ တစ်ခုခုဖြစ်ခဲ့လို့ရှိရင် ဘယ်လိုလုပ်မလဲဆိုတဲ့ စိတ်ကများ တာပေါ့။ ကိုယ့်ကိုတကယ်ဖြစ်စေချင်ကြတဲ့ သူတွေရဲ့တွန်းအားတွေကြောင့်ပါပဲ” လို့ ဆိုပါ တယ်။

အခုလက်ရှိဝင်ပြိုင်နေတဲ့ Miss Golden Land Myanmar Organization နဲ့ရှေ့ဆက်လက်တွဲပြီးလုပ်ဆောင်ရမယ်ဆိုရင် အဆင်ပြေမယ်လို့ ယုံကြည်မှုရှိလားဆိုတာကိုတော့ ရွှေအိမ်စည်က …

”နှစ်ဦးနှစ်ဖက် အတူတူလုပ် ကိုင်ရပြီဆိုရင် စည်းကမ်းကတော့ လိုက်နာရမှာပဲလေ။ ဒါပေမဲ့ အိမ်စည့်ကို ရွေးချယ်ခဲ့မယ်ဆိုရင် သူတို့လည်း အိမ်စည့် ရဲ့ပုံစံ၊ အိမ်စည့်ရဲ့ စရိုက်ကိုသည်းခံနိုင်လို့လို့ ဆိုရမှာပေါ့။ အဲဒါကတော့ အခြေအနေ ကြည့်ရမှာပဲ။ အိမ်စည်က ဃသညအမသူ လုပ်တာတော့မခံဘူး ” လို့ ပြောပါတယ်။ ရွှေအိမ် စည်ရဲ့ပြိုင်ပွဲတိုင်းကို ချစ်သူဖြစ်တဲ့ကိုအေးနေဝင်းကလည်း အမြဲတမ်းလိုက်လံအားပေး လေ့ရှိသူပါ။ ချစ်သူဆီကနေဘယ်လိုပံ့ပိုးမှုတွေရလဲဆိုတာကိုတော့ ရွှေအိမ်စည်က …

”ဘက်စုံပေါ့။ သူက ကိုယ့်ထက်လည်း အသက်ကြီးတယ်။ Intelligent လည်း ဖြစ်တယ်။ အဓိကက စိတ်ခံစားချက်နဲ့ပတ်သက်ပြီး တအားလွန် ကျူးမသွားဘဲ ထိန်းချုပ်နိုင်အောင် သူကသင်ပေးပါတယ်” လို့ ပြောပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here