အောင်မြင်တဲ့ ရုပ်ရှင်သရုပ်ဆောင်ဖြစ်ချင်တဲ့ ဒန်မီရို့စ်

0
210

ဗြိတိန်နိုင်ငံသူ နာမည်ကြီးမော်ဒယ်လ်လည်းဖြစ်၊ အင်စတာဂရမ် လူမှုကွန် ရက်စာမျက်နှာတွေပေါ်မှာလည်း တအားကိုကျော်ကြားတဲ့ ဒန်မီရို့စ်တစ်ယောက် ရုပ်ရှင်သရုပ်ဆောင်ပိုင်းဘက်ကို ကူးပြောင်းဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိ ဒန်မီရို့စ်ဟာ သူ့ရဲ့ ခန္ဓာကိုယ်ကောက်ကြောင်း အလှတွေကို ထင်ရှားစေတဲ့အလှဓာတ်ပုံတွေကြောင့် လူမှုကွန်ရက်တွေပေါ်မှာ အားပေးကြည့်ရှုတဲ့သူ သန်းနဲ့ချီရရှိထားတဲ့သူလည်း ဖြစ်ပါတယ်။ “ကျန်းမာ ရေးကိုတော့ သေသေချာချာ ဂရုစိုက်တယ်။ ကိုယ်လက်လှုပ်ရှားမှုတွေလည်း မပြတ်လုပ်တယ်။ ခရီးတွေလည်း ခဏခဏထွက်တယ်။ ဖြစ်နိုင်ရင် တစ် ကမ္ဘာလုံးကိုပတ်ပြီး သွားကြည့်ချင်တယ်”လို့ သူက ပြောပါတယ်။

ဒန်မီက သူ့ရဲ့ စားသောက်နေထိုင်ပုံနဲ့ ပတ်သက်လို့လည်း “ကျွန်မရဲ့ ခန္ဓာကိုယ်က ဝိတ်တက်လွယ်တယ်။ ဒါကြောင့် ပုံမှန်ဂရုစိုက်တယ်။ ဒါ ကြောင့်မို့ ခန္ဓာကိုယ်အလေးချိန်တက်စေတဲ့ အစေ့အဆန်တွေ မစားဘူး။ အထူးသဖြင့် မြေပဲတို့၊ ထောပတ်တို့ လုံးဝမစားဘူး”လို့ ပြောပါတယ်။ လတ်တလောမှာတော့ မော်ဒယ်လ်လိုင်းကနေ သရုပ်ဆောင်ဘက်ကို ကူးပြောင်းဖို့အတွက် ပြင်ဆင်နေပြီး ရုပ်ရှင်သရုပ်ဆောင်အလုပ်ဆိုတာ သူ့ရဲ့ ငယ်အိပ်မက်လို့ ပြောပါသေးတယ်။

Ref:mailonline


LEAVE A REPLY

Please enter your comment!
Please enter your name here