အတွေးစိတ်ကူး

0
140

အေးရှားဖိမ်းမီဒီယာအဖွဲ့၏ ၃၅ လမ်း ဗိမာန်လမ်းသို့ မရောက် ဖြစ်ခဲ့သည်မှာ ကြာပြီ။ ဟိုတစ်ချိန်က တော့ တစ်ပတ်မှာ အနည်းဆုံး တစ် ခေါက် ရောက်ခဲ့ရသည်။ တာဝန်ရှိ သောကြောင့်ဖြစ်သည်။

ပေါ်ပြူလာနယူးစ်ဂျာနယ်အ တွက် ရွေးချယ်ထားသော ဆောင်း ပါး စာမူများ ဝိုင်းဖတ်ပေးရသည်။ ယခုတော့ ထိုသို့မဟုတ်ပြီ။ စာပေ တိုက်သို့ သုံးလေးပတ်ကြာမှ တစ်ခါ လောက်ရောက်သည်။ ယခုလည်း စာပေတိုက်သို့ရောက်သည်နှင့် Reception စားပွဲမှ သမီးလေး ခင် စိုးမူက စာမူပါသော ဂျာနယ်နှင့် စာမူခ စာအိတ်လေးပေးသည်။ ပေါ် ပြူလာဂျာနယ်အယ်ဒီတာချုပ်နှင့် အဖွဲ့ အလုပ်တွေ ရှုပ်နေကြသည်မို့ စကားပြောချိန်မရဘဲ ပြန်လာခဲ့ရ သည်။

အပြန်လမ်းမှာ ဂျာနယ်ထဲပါ သော ကိုယ့်စာမူလေးကို ပြန်ဖတ်ရင်း တွေးစရာတွေ တစ်ထွေးကြီး ခေါင်းထဲ ရောက်လာသည်။ ဆရာ ကြီး ဗိုလ်ကလေးတင့်အောင် ၉၆ နှစ်ပြည့် မွေးနေ့အကြောင်း ဆောင်း ပါးလေးကို ပြန်ပြီးဖတ်ရှုမိသည်။ ကြွယ်ဝချမ်းသာခြင်းမရှိသော အနု ပညာရှင်ကြီး၏ မွေးနေ့ပွဲများ နှစ်စဉ် ကျင်းပခဲ့ရာ၌ ယခုနှစ်မွေးနေ့မှာ ထူးခြားသည်။

ယခုနှစ်မှာ ပထမဦးဆုံး ချီးမြှင့် သော ‘ရုပ်ရှင်တစ်သက်တာဆု’ ရခဲ့ သည်။ ထိုဆုအတွက် အစိုးရချီးမြှင့် ငွေရသည်။ တပည့်တပန်းတွေက လည်း ကန်တော့ကြသည်။ တစ်နေ့ ထမင်းနှစ်နပ်စားပြီး အခြားဘာမှ မလိုပါဟုဆိုသော ဆရာကြီးက ထူး ခြားသော လှူဒါန်းမှုလုပ်သည်။ ရုပ်ရှင်၊ သဘင်၊ ဂီတအစည်းအရုံး များသို့ ငွေကျပ် ဆယ်သိန်းစီလှူ သည်။ ရုပ်ရှင်အနုပညာလောကမှ နွမ်းပါးသူ၊ မကျန်းမာသူဆယ်ဦးကို တစ်ဦးလျှင် ငွေကျပ် သုံးသိန်းစီလှူ သည်။ တက်ရောက်ကြသူအားလုံးက မုဒိတာပွားကာ သြဘာပေးကြသည်။ အနုပညာရှင်များထဲမှ ချိုင်း ထောက်နှင့် လာရောက်လက်ခံသူ နှစ်ဦး၊ မျက်စိကွယ်လုလုဖြစ်၍ လူတွဲလာရသူတစ်ဦး၊ အိပ်ရာထဲလဲ နေသော သရုပ်ဆောင် ကစ်ကစ် မလာနိုင်၍ ကိုယ်စားလာသူ မြေးမလေးတစ်ဦး စသည်ဖြင့် ဂိလာ နတွေချည်း ရွေးလှူခြင်းဖြစ်သည်။

မွေးနေ့ပွဲပြီးမကြာမီ သရုပ် ဆောင်ကစ်ကစ် ဆေးရုံတက်နေရပြီ ဟု ကြားရသည်။ ဟာသလူရွှင်တော် ဦးဝင်းနိုင်လည်း ဆေးရုံမှာဟု ကြား ရပြန်သည်။ ထိုသတင်းများနှင့်အတူ မုဒိတာပွားစရာသတင်းလည်း ကြား ရသေးသည်။ ထိပ်တန်းမင်းသားတစ် ယောက် ဗီဒီယိုဇာတ်ကားတစ်ကား ရိုက်ကူးခ ကျပ်သိန်း ၇ဝဝ ရသည် ဟူသော သတင်းကထူးသည်။ အခြား သူလိုကိုယ်လိုမင်းသား၊ မင်းသမီး တွေ သရုပ်ဆောင်ကြေး မည်မျှရ ကြသည်မသိ။ အခြား ဇာတ်ပို့ဇာတ် ရံတွေကျပ်ဆယ်သိန်း၊ ကျပ်ဆယ့်ငါး သိန်းမှရကြပါလေစမသိ။

သရုပ်ဆောင်ချင်းအတူတူ သည်မျှကွာဟရပါသလားဟု တွေးမိ သည်။ ထိပ်တန်းသရုပ်ဆောင်တစ် ယောက် ဘယ်လောက်တော်တော် တစ်ယောက်တည်း သရုပ်ဆောင်ရ သည်မဟုတ်။ ဇာတ်ပို့၊ ဇာတ်ရံတွေ နှင့် အပေးအယူ၊ အချိတ်အဆက်၊ အသိုင်းအဝိုင်းတွေနှင့် လက်တွဲရ သည်။ သို့မှလည်း ခေါင်းဆောင်မင်း သားကို ပိတ်ကားပေါ်မှာ ပရိသတ် ကြည့်ရ၊ မြင်ရမည်။ တက်ညီလက်ညီ လှုပ်ရှားရသူချင်း ဆင်းရဲချမ်းသာ ကွာဟမှုက များလှသည်ဟု တွေးမိ သည်။

အပြန်လမ်းမှာ ယာဉ်ကြောက ပိတ်သော်လည်း အတွေးအလျင်က မပိတ်။ မကြာသေးမီက Social Media မှာ ဇာဂနာစတေးတပ်တင် ထားသောအတွေးအမြင်တစ်ခုကို မြင်တွေ့ဖတ်ရှုလိုက်ရသည်။ ဇာဂနာ ကရင်ဖွင့်ထားသည်။ ပြီးခဲ့သော ရွေးကောက် ပွဲမှာ ရုပ်ရှင်လောက သားတို့ အုံနှင့် ကျင်း နှင့် ပံ့ပိုးစည်းရုံး ပေးမှုကြောင့် အမျိုး သားဒီမိုကရေစီ ပါတီအဖွဲ့ချုပ် အနိုင်ရခြင်း ဖြစ် သည်။ ယခုတော့ သူတို့ကို မေ့ထားပြီ ဟုထောက်ပြသည်။ ရုပ်ရှင်လောက သား များနှင့် အပြိုင် ဂီတလောက သားများ၊ စာပေ လောကသား များတက်ြ<ွကစွာလှုပ်ရှားပံ့ပိုး ပေးခဲ့သော သတင်းများ လည်း ရွေး ကောက်ပွဲကာလက သောသောညံခဲ့ သည်။ သူ့ပါတီ၊ ကိုယ့်ပါတီ အနိုင်ရ ရေး ဟောပြောပွဲများလည်း မြို့ကြီး မြို့ငယ် အားလုံးလိုလိုမှာ သတင်း ကြားရသည်။

ယခုအချိန်မှာတော့ ဆိုင်ရာ ဆိုင်ရာ ဝန်ကြီးဌာနများက လှည့် ကြည့်ဖို့ သတိမရဟူသော စွပ်စွဲ ချက်များလည်း ကြားရသည်။ ဖတ်ရ သည်။ ထိပ်တန်းမင်းသားတစ် ယောက် သရုပ်ဆောင်ခတွေ ခေါင် ခိုက်အောင် ရချိန်မှာ ဇာတ်ပို့၊ ဇာတ် ရံတွေ လုပ်အားခက မြေမှာဝပ်နေ သည်။ အဓိကပံ့ပိုးသူတွေကို လှည့်မ ကြည့်ကြတော့ဘူးလားဟု ကရုဏာ ဒေါသောပြောကြသူတွေရှိသလို အစိုးရဝန်ကြီးဌာနများကို အပြစ် တင်သံတွေလည်း ကြားရသည်။

ပွဲပြီးမီးသေ ကျေးဇူးရှင် ကျေး ဇူးကန်းဟု ဝေဖန်သံတွေလည်း ကြား ရသည်။ စာရေးသူ ကျွန်တော်က စာရေးဖို့ တွေးနေသောအလုပ်သာ ရှိသည်။ ကြွယ်ဝခြင်းမရှိသော ဆရာ ကြီး ဗိုလ်ကလေးတင့်အောင်က နည်းနည်းလေးရသော ငွေကြေးကို နည်းနည်းစီ မျှဝေသည်။ အံ့မခန်း ဝင်ငွေရသော ထိပ်တန်းမင်းသားများ သည် သရုပ်ဆောင်မှု ကောင်းအောင် ဝိုင်းဝန်းပံ့ပိုးခဲ့သူများကို မမေ့သင့် သလို အာဏာရ အစိုးရကလည်း ရွေးကောက်ပွဲ အောင်နိုင်ရေး ပံ့ပိုးပေး ခဲ့သော ရုပ်ရှင်၊ ဂီတ၊ စာပေ လောကသားများကို ပြန်လည်ငဲ့ စောင်း ကြည့်ရှုသင့်သည်မဟုတ်ပါ လား။

သက်ဆိုင်ရာ ဝန်ကြီးဌာန တာဝန်ခံက အနုပညာ အစည်းအ ရုံးများနှင့် ညှိနှိုင်းလျက် ကိုယ့်လောက သားကို ကျေးဇူးဆပ်သော အစီအစဉ် ကို တင်ပြလျှင် အစိုးရအဖွဲ့ကလည်း ခွင့်ပြုလိမ့်မည်ထင်သည်။ အနိုင်ရ ပါတီကလည်း လက်ခုပ်လက်ဝါး တီးကြလိမ့်မည်ထင်သည်။
ထိပ်တန်းမင်းသားများက ဘဝ တူ ဇာတ်လိုက်၊ ဇာတ်ရံများကို ပစ် ပယ်ခြင်းမပြုသလို အစိုးရကလည်း ပံ့ပိုးပေးခဲ့သော အနုပညာရှင်များ အားလုံးကို ငဲ့စောင်းကြည့်ပါလျှင် မဝေးကွာလှသော အနာဂတ်မှာ စိတ်ချမ်းသာကြရပါလိမ့်မည်ဟု တွေးထင်နေမိရသည်က စာရေးဖို့ သာ ကြိုးစားနေသော စာရေးသူ၏ အတွေးသာဖြစ်ပါကြောင်း။

မောင်ဆွေသက်


LEAVE A REPLY

Please enter your comment!
Please enter your name here