ပရိသတ်အကြိုက်တွေ့ ခဲ့တဲ့ ဘလိတ်ရှယ်လတန်ရဲ့ CMA ဂီတည

0
158
NASHVILLE, TN - JUNE 08: (EDITORIAL USE ONLY) Blake Shelton performs onstage during the 2018 CMA Music festival at Nissan Stadium on June 8, 2018 in Nashville, Tennessee. (Photo by Jason Kempin/Getty Images)

CMA ဂီတဖျော်ဖြေပွဲမှာ ပါဝင်ဖျော်ဖြေခဲ့တဲ့ အမေရိကန်ကျေးလက်ဂီတ အကျော် အမော် ဘလိတ်ရှယ်လတန်ရဲ့ ရုပ်သံအစီအစဉ်ကို ဩဂုတ်လ ၈ ရက်နေ့က ထုတ်လွှင့် ပြသခဲ့ပြီး ပရိသတ်တွေ တအားကိုနှစ်ခြိုက်နေကြကြောင်း သိရပါတယ်။

CMA လို့ ခေါ်ဆိုကြတဲ့ ကျေးလက်ဂီတပွဲတော်ကို ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်ကနေ ၁၀ ရက်နေ့အထိ ၄ ရက်တိုင်တိုင် အမေရိကန်နိုင်ငံက နက်ရှ်ဗီးပြည်နယ်မှာရှိတဲ့ တန်နက်စီမြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ အသက် ၄၂ နှစ်အရွယ် ဘလိတ် ရှယ်လတန်က ပရိသတ်အကြိုက်တေး သီချင်းတွေနဲ့ ဖျော်ဖြေခဲ့တဲ့အပြင် သူ့ရဲ့အသစ် စက်စက်သီချင်းတစ်ပုဒ်ဖြစ်တဲ့”I Lived it” သီချင်းကိုလည်း သီဆိုဖျော်ဖြေခဲ့ပါသေးတယ်။

ဘလိတ်ရှယ်လတန်ကို ၁၉၇၆ ခုနှစ်က အမေရိကန်ပြည်ထောင်စုမှာ မွေးဖွားခဲ့ပြီး ကျေးလက်ဂီတပညာရှင်၊ တေးရေး၊ ရုပ်သံတင်ဆက်သူအဖြစ် ထင်ရှားပြီးလက်ရှိ အဆိုတော် Gwen Stefani နဲ့ အတူနေထိုင်လျက်ရှိပါတယ်။

Ref:Hollywood Life


LEAVE A REPLY

Please enter your comment!
Please enter your name here