စိတ်မကောင်းစရာ၊ ဝမ်းနည်းစရာအဖြစ်အပျက်တွေ ကြုံတွေ့ ခဲ့ရတဲ့ ‘လူကြမ်းတစ်ယောက်ရဲ့ ဒိုင်ယာရီ’ ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသ

0
174

လွန်ခဲ့တဲ့ ၄ နှစ်က ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကား ဩဂုတ် ၁၇ ရက်နေ့ ရုံတင်တော့မယ်။ “ရုပ် ရှင်၊ ရုပ်ရှင်”ဆိုပြီး အကုန်လုံးရိုက် ကူးနေရတဲ့အချိန်မှာ ရုံတင်ပြသဖို့က တော့ အချိန်ကာလတစ်ခုကို စောင့်ရ တဲ့အနေအထားတော့ ရှိတာပေါ့။ ရိုက်ကူးတဲ့ ဒါရိုက်တာက သားညီ။ ဇာတ်ကားကန်တော့ပွဲပေးခဲ့တဲ့ နောက်တစ်နေ့မှာပဲ သူ့အဖေဆုံး သွားတာက စိတ်မကောင်းစရာပါ။ လူမင်း၊ ယုန်လေး၊ ထူးခြား၊ ဂျိုကာ၊ ထားထက်ထက်၊ ဘေဘီမောင်စတဲ့ အနုပညာရှင်တွေရဲ့ ကြိုးစားအား ထုတ်ထားတဲ့ ဇာတ်ကားလေးက ကြည့်ရှုသူပရိသတ်ကို ရသတွေ ဘာ တွေမဆိုပါနဲ့ဦး။ စိတ်အပန်းပြေ သွားမယ်ဆိုရင်ပဲ ကြိုးစားရကျိုး နပ်ပါတယ်လို့ အဖွဲ့သားတွေက ပြော ပြခဲ့ပါတယ်။ “လူကြမ်းတစ်ယောက်ရဲ့ ဒိုင်ယာရီ” ရုပ်ရှင်ဇာတ်ကားနဲ့ ပတ် သက်ပြီး ပါဝင်သရုပ်ဆောင်ထားတဲ့ ယုန်လေးက …

“လွန်ခဲ့တဲ့ ၄ နှစ်က ဖြစ်တဲ့ အတွက် လိုအပ်ချက်တွေလည်းများစွာရှိပါတယ်။ ဒီအထဲမှာ အကုန်လုံး ကောင်းကြတယ်။ ကျွန်တော်ကတော့ ကျွန်တော့်သရုပ်ဆောင်ချက်တွေကို သိပ်အားမရဘူး။ ကြိုးစားရဦးမယ်။ အကြိုက်ဆုံးအခန်းဆိုရင် အန်ကယ် လေး(လူမင်း)နဲ့ ထားထက်ထက်နဲ့ သားအဖ ၂ ယောက်တွေ့ဆုံတဲ့ အခန်းလေးကို သဘောကျတယ်”လို့ ပြောပြပါတယ်။ ဒါရိုက် တာ သားညီကလည်း …

“အန်ကယ်လေးကတော့ ထား လိုက်။ သူက ဝါရင့်မို့လို့။ ဒီအထဲမှာ ယုန်လေးရော၊ ထားထက်ထက်ရော၊ ဘေဘီမောင်ရော၊ ထူးခြားတို့ အကုန်လုံးကောင်းကြပါတယ်။ လို အပ်ချက်လေးတွေရှိပေမယ့်လည်း သေသေချာချာ သရုပ်ဆောင်သွား နိုင်ကြပါတယ်” လို့ မှတ်ချက်ပြုခဲ့ပါ တယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here