သက်ကြီး လူရွှင်တော်ကြီးများကို ကူညီစောင့်ရှောက်နိုင်ရန် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ လူရွှင်တော် အသင်း (ရန်ကုန်) တွေ့ဆုံ

0
228

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးမှာ သြဂုတ်လ ၆ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းနဲ့ လူရွှင်တော် အသင်း (ရန်ကုန်)မှ နာယကကြီး ဦးကျော်ထူးနှင့်တကွ လူရွှင်တော် အသင်း အလုပ်အမှုဆောင်ကော်မတီ ဝင်တို့ တွေ့ဆုံခဲ့ကြပါတယ်။

အဆိုပါ တွေ့ဆုံမှုက လူရွှင် တော်အသင်းအနေနဲ့ လူရွှင်တော် သက်ကြီး ပူဇော်ပွဲအတွက် ရန်ပုံငွေ ဘောလုံးပွဲ ပြုလုပ်ဖို့အစီအစဉ်ရှိရာ ဝန်ကြီးချုပ်မှ အောင်ဆန်းကွင်းကို အသုံးပြုခွင့် ပေးခဲ့ကြောင်းသိရပါ တယ်။

သက်ကြီးလူရွှင်တော်ကြီးများကို ကူညီစောင့်ရှောက်ရန်နှင့်သက်ကြီးလူရွှင်တော်ကြီးများ ပူဇော်ကန်တော့ပွဲအတွက် လိုအပ် သည်များကို ထောက်ပံ့ကူညီစောင့်ရှောက်မှုများ ပြု လုပ်ပေးနိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ် တယ် လို့လည်း လူရွှင်တော်ကောင်းကျော်က ပြောပြ ပါတယ်။

လူရွှင်တော်သက်ကြီးပူဇော်ပွဲကိုတော့ နှစ်စဉ် နှစ်တိုင်း စက်တင်ဘာလ ၉ ရက်နေ့မှာ ပြုလုပ်လေ့ ရှိပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းက သက်ကြီး လူရွှင်တော်တွေကို ကန်တော့ကြတာပဲ ဖြစ်ပါတယ်။ လူရွှင်တော်အသင်းရဲ့ ပထမဆုံး သက်ကြီးပူဇော်ပွဲ ကိုတော့ ၂ဝ၁၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့က စတင် ကျင်းပခဲ့တာပဲဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here