သရုပ်ဆောင်ပိုင်းမှာ ကဏ္ဍအစုံ သရုပ်ဆောင်ချင်တယ်ဆိုတဲ့ စုလင်းရှိန်

0
268

Photo Model အဖြစ်ကနေ သရုပ်ဆောင်လောကထဲကို ခြေလှမ်းခပ်စိပ်စိပ်ဖြင့် အလျင်အမြန်ဝင်ရောက်လာသူလေးကတော့ ချစ်စဖွယ်မျက်နှာလေးပိုင်ရှင် ‘စုလင်းရှိန်’ ပဲဖြစ်ပါ တယ်။ စုလင်းရှိန် အခုလတ်တလောမှာ မဂ္ဂဇင်းကာဗာတွေ၊ TV ကြော်ငြာ MTV နဲ့ဇာတ်လမ်းတိုတွေ ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။

သရုပ်ဆောင်မယ်ဆိုရင် ဘယ် လိုနေရာတွေမှာ သရုပ်ဆောင်ချင်လဲ။ သရုပ်ဆောင် အပိုင်းမှာ လေး စားအားကျရတဲ့ စီနီယာကြီးတွေက ကော ဘယ်သူတွေဖြစ်မလဲ ဆိုတဲ့အပေါ် စုလင်းရှိန်က…

”သရုပ်ဆောင် ပိုင်းက ဝါသနာတော်တော်ပါပါတယ်။ ရိုက်ကူး ထားတဲ့ ဗီဒီယိုဇာတ်ကားလေး တွေကတော့ရှိတယ်။ ဒါပေမဲ့ မထွက် သေးဘူး။ ‘ဒေဝေါ’ ဆိုတဲ့ ဗီဒီယိုဇာတ် ကားလေးတော့ ထွက်ဖို့ရှိတယ်။ သရုပ်ဆောင်ပိုင်းမှာဆိုရင် ကဏ္ဍအစုံမှာသရုပ်ဆောင်ချင်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာ မကစ်ကစ်(ဝတ်မှုံရွှေရည်)၊ မဖွေးဖွေး၊ ကိုနေတိုးတို့ကိုလေးလည်း လေးစားတယ်။ အားလည်းကျတယ်။ သရုပ်ဆောင်ခွင့်ရမယ် ဆိုရင်သူတို့နဲ့ အတူတူ သရုပ်ဆောင်ချင်ပါတယ်” လို့လည်း ပြောပြခဲ့ပါတယ်။

မော် ဒယ်လ် တစ်ယောက်အတွက်ပဲဖြစ်ဖြစ်၊ မင်းသမီးတစ်ယောက်အတွက်ပဲ ဖြစ်ဖြစ် အသားအရေလှပဖို့ကလည်း အလွန်အရေးကြီးတယ်။ စုလင်းကကော အသားအရေပိုင်းကို ဘယ်လို ထိန်းသိမ်းဖြစ်လဲဆိုတဲ့အပေါ်ကို လည်း…

”စုလင်းကအသားအရေတော့ တအားကြီး မလှဘူး။ ဒါပေမဲ့ လှအောင်တော့ သေချာထိန်းသိမ်းရ တယ်။ ရေများများသောက်တယ်။ လိုးရှင်း လိမ်းတယ်။ Detox Water သောက်တယ်။ တစ်လတစ်ခါ ဒါမှမဟုတ် ရက်ခြားလောက် Collagen လေးတွေသောက်ဖြစ်တယ်”လို့လည်း ပြောပြခဲ့ပါသေးတယ်။

စုလင်း သီချင်းလေးတွေ ဆိုတာလေး တွေလည်း တွေ့ရတယ်။ အဆိုပိုင်းကိုကောလုပ်ကိုင်ဖြစ်ဖို့ အစီအစဉ်ရှိလား ဆိုတဲ့ အပေါ်ကိုလည်း…

”သီချင်းကပွဲတွေ ဘာတွေဆိုဖြစ်တာတော့ရှိ တယ်။ သင်္ကြန်မှာ သီချင်းဆို ဖြစ်တယ် ဒီလောက်ပါပဲ။ Professional အဆိုတော်ကြီးလုပ်ဖို့အထိတော့ အစီအစဉ်မရှိပါဘူး”လို့ စုလင်းရှိန် က ပြောပြခဲ့ပါတယ်။ ပရိသတ်ကြီး စုလင်းကို အားပေးတဲ့အတွက် ကျေး ဇူးတင်ပါတယ်။ စုလင်း ဒီထက်ပိုပြီး အောင်မြင်အောင်၊ ပရိသတ်လက်ခံလာအောင် ကြိုးစားသွားမှာပါလို့ လည်း ပြောပြခဲ့ ပါသေးတယ်။

ခိုင်ဝါဝင်း

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here