Solo Concert ဖျော်ဖြေဖို့ အင်အားအပြည့်ဖြစ်နေတဲ့ မီမီဝင်းဖေ

0
182

သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်ရင်ကို လှုပ်ခတ်နိုင်စွမ်းရှိတဲ့ အဆိုတော်တစ်ဦးအနေနဲ့ ရပ်တည် လာတာ နှစ်ပေါင်း ၃၀ရှိခဲ့ပြီ။ တစ် ခေတ်တစ်ခါကပေါ့လေ။ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားတွေရဲ့ ဇာတ်ဝင် တေးတွေမှာ သူ့ရဲ့အသံချိုချို လေးတွေနဲ့ လွှမ်းမိုးနိုင်ခဲ့တယ်။ လက်ရှိ ဝါရင့်သရုပ်ဆောင်ကြီးတွေ ဖြစ်တဲ့ မေသန်းနု၊ မို့မို့မြင့်အောင် တို့ဆိုတာ သူ့သီချင်းတွေနဲ့ သရုပ် ဆောင်ခဲ့ရတာပါ။ သူ့ရဲ့နာမည်က တော့ မီမီဝင်းဖေ။ ဖခင်ဖြစ်သူက လည်း ဒါရိုက်တာကြီး ဦးဝင်းဖေ။ အနုပညာ အသိုင်းအဝိုင်းကြီးတယ်။ အခုဆိုရင် လာမယ့် ဩဂုတ်လ ၂၅ ရက်နေ့မှာ မီမီဝင်းဖေရှဲ့Solo Concert ကို ရန်ကုန်မြို့၊Sky Star Holtel မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါ တယ်။ ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး မီမီဝင်းဖေက –

“အမှန်တော့ Solo Concert လုပ်ဖို့ပြောနေတာက နှစ်ချီနေပါပြီ။ မမီက ကိုယ် အားမသန်တဲ့အလုပ်မို့လို့ ငြင်းနေရင်း၊ ငြင်းနေရင်းနဲ့ အခုတော့ လည်း လုပ်သင့်တယ်လို့ ဆုံးဖြတ်ရင်း နဲ့ လုပ်လိုက်တာပါ” လို့ ပြောပါတယ်။ တစ်ကိုယ်တော်ဖျော်ဖြေပွဲအတွက် မီမီဝင်းဖေအနေနဲ့ ဘာတွေ စိန်ခေါ် မှုရှိလေမလဲလို့ဆိုတော့ –

“အဓိကကတော့ ကိုယ်ကရှိုး ဆိုတာကို ပျော်တဲ့အဆိုတော်မဟုတ် တဲ့အခါကျတော့ အဲဒီအပေါ်မှာ ဖိအားတော့ရှိပါတယ်။ ကျွန်မက မီးရောင်လည်းကြောက်တယ်။ စတိတ်ကြောက်တယ်။ လူလည်း ကြောက်တယ်။ Recording ကို အားသန်တဲ့ အဆိုတော်တစ်ယောက် ဆိုတော့ စင်ပေါ်မှာ အကြာကြီးဖျော် ဖြေရမယ့်ကိစ္စကတော့ အရမ်း Stress ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကိုယ့်ကို တကယ်အားပေးမယ့်သူ တွေနဲ့ နွေးနွေးထွေးထွေးတွေ့ရမယ်ဆိုတော့လည်း ဆိုချင်ပါတယ်” လို့ မီမီဝင်းဖေက ပြောပါတယ်။

ဖျော် ဖြေပွဲအတွက် စုံတွဲသီဆိုမယ့်သူတွေပါသေးလားလို့ဆိုတော့ “၉၀ရာခိုင်နှုန်းကတော့ မမီ တစ်ယောက်တည်းပါ။ ကျန်တဲ့ ၁၀ရာခိုင်နှုန်းကတော့ စုံတွဲသီဆိုမယ့် ကိုစံလင်းတို့လိုလူမျိုးတွေ၊ ဒီဘက် ခေတ်က ကလေးတစ်ယောက်ရယ်၊ အဲဒီလိုမျိုးတွေတော့ ပါပါမယ်” လို့ မီမီဝင်းဖေက ပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ-မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here