အောင်ဘု နှင့် ယနေ့ဆွေးနွေးမည့် ခေါင်းစဉ်

0
171

အောင်ဘုဆွေးနွေးပွဲခန်းမထဲ ရောက်တော့ သူအတော်နောက်ကျ ခဲ့ပြီဆိုတာ သူသိလိုက်ရသည်။

နောက်ကျဆိုဆွေးနွေးပွဲ ဦး ဆောင်သူက ဆွေးနွေးကြသောပညာ ရှင်များကို

”ဆရာတို့ ..ဆရာတို့ အခုချ ပြသွားတဲ့ အကြောင်းအရာတွေကို အနှစ်ချုပ်ပြီး သံခိပ်သဘော၊ တိုတို တုတ်တုတ်ပြန်ပြောပြလို့ရမလား။ အကျဉ်းချုပ်ကလေးပေါ့ဗျာ”

အောင်ဘုရောက်တဲ့အချိန်မှာ ဆွေးနွေးပွဲက လက်စသပ်နေပြီဖြစ် သည်။ အောင်ဘုသည် ခန်းမအတွင်း သို့ မျက်စိကစားလိုက်သောအခါ သူ့ တစ်ရွာတည်းသား သူငယ်ချင်း ဂျစ် တူးကို လှမ်းမြင်လိုက်ရသည်။ ထို့ ကြောင့် အောင်ဘုသည် ဂျစ်တူးရှိရာ သို့ ရောက်သွားသည်။ အောင်ဘုမှာ မူလတန်းပညာလောက်သာ သင်ဖူး သူဖြစ်၍ အလယ်တန်းပညာအထိ သင်ကြားခဲ့သူ ဂျစ်တူးကို အလွန်အား ကျ အထင်ကြီးသူဖြစ်သည်။

ဆွေးနွေးပွဲ၏ နိဂုံးပိုင်းကား စတင်လာပြီဖြစ်သည်။ ပါဝင်ဆွေး နွေးကြသောသူတွေထဲမှ ‘စီးပွားရေး ပါရဂူ’ဆိုသော ပုဂ္ဂိုလ်ကြီးက သူ့ဆွေး နွေးမှုကို ဤသို့ သံခိပ်ပြုသည်။

”သူဟာ ရိက္ခာသိုလှောင်ပြီး၊ ဝမ်းခေါင်မှုအတွက် အခက်အခဲရှိလာ မယ်ဆိုရင် သူက ချက်ချင်းအဖြေ ထုတ်ပြမှာ သေချာတယ်” ယင်းသို့ စီးပွားရေးပါရဂူက သံခိပ်ပြုပြီးသော အခါ လွှတ်တော်ကိုယ်စားလှယ်ကြီး ကလည်း ဤနှယ်သံခိပ်ပြုပြန်သည်။

”သူဟာ ရိက္ခာသိုလှောင်ပြီး၊ သိက္ခာထူထောင်ရာမှာ အောင်မြင်သူ ဖြစ်တယ်။ တစ်နည်းအားဖြင့် အမျိုး သားရေးဆောင်ရွက်နိုင်သူအဖြစ် လွှတ်တော်က မှတ်တမ်းတင်ထား သင့်တယ်” အောင်ဘုလွှတ်တော် ကိုယ်စားလှယ်အား နည်းနည်း သဘောကျသွား၏။ ဆွေးနွေးမှုများ ကိုလည်း တိုး၍ စိတ်ဝင်စားသွား သည်။

ယင်းနောက် ဆက်၍ သံခိပ်ပြု သူမှာ ဓမ္မာရုံဂေါပကကြီးတစ်ဦးဖြစ် ပြီးသူ သံခိပ်ပြုပုံက

”သူက မရှိအတူ ရှိအတူ မျှဝေ တတ်သူ၊ ငှတတ်သူ၊ သူ့ ရော့အင့် ရော့အင့်ကလည်း အဆင့်အတန်း မခွဲခြားဘူး။ ဒီတော့ စိတ်ထားမြင့် မြတ်တဲ့ တရားရှင်လို့တောင် …

ဤသို့ ဂေါပကကြီး ပြီးသည့် နောက် နောက်ဆုံးသံခိပ်ပြုမည့်သူ ဟာ ဒဿနိကပညာရှင်ကြီး တစ်ဦး ဖြစ်ပြီး၊ ရှေ့က သံခိပ်ပြုသူအားလုံး ၏ သံခိပ်များကိုထပ်၍ သံခိပ်လုပ် ရန် စိတ်ကူးထားသကဲ့သို့

”သူက အနာဂတ်ကို အနာဂတ် လို တွေးခေါ်မျှော်မြင်တတ်ရုံသာ မဟုတ်။ လက်တွေ့လည်း လုပ်ပြနိုင် သူဖြစ်ပါတယ် ခင်ဗျား”

”ဖြောင်း …ဖြောင်း … ဖြောင်း …ဖြောင်း …”

အောင်ဘုလည်း ဘာမသိ ညာ မသိရော ဖြောင်း …ဖြောင်း … ဖြောင်း ရတော့တာပေါ့။ လက်ခုပ် သာတီးတာ ..အောင်ဘုလူကြီးတွေ ပြောတာ ဘာမှနားရည်မလည်ဘူး။ သဘောမပေါက်ဘူး။ ဒီလိုဖြစ်ရတာ လည်း ဒီနေ့ဆွေးနွေးပွဲခေါင်းစဉ်ကို အောင်ဘုမှမသိဘဲ။ ဆွေးနွေးပွဲခေါင်း စဉ်သိထားရင်တော့ လူကြီးတွေပြော တာ အောင်ဘုဆက်စပ်ပြီး သဘော ပေါက်နိုင်တာပင်။ ဒါကြောင့် အောင် ဘုက ဂျစ်တူးကို မေးလိုက်သည်။ ဂျစ်တူးကလည်း ခေါင်းစဉ်ကို သူသိ သည်။ ဒါပေမဲ့ ဆွေးနွေးချက်များကို သူနားမလည်ဟုဆိုသည်။
အောင်ဘုသည် စိတ်ရှည်ရှည် ထားပြီး ဂျစ်တူးမေးပြန်သည်။

”ဆွေးနွေးပွဲခေါင်းစဉ်က ဘာ လဲကွ ..ပြန်ပြောပါဦး” ဂျစ်တူးက လည်း စိတ်မရှည်စွာပြန်ပြောလိုက် သည်။

”ပုရွက်ဆိတ် …”

စောဘရန်ငြိမ်း


LEAVE A REPLY

Please enter your comment!
Please enter your name here