ဇာတ်ကတာကို နားချင်ပြီလို့ ခဏ ခဏ တွေးမိခဲ့တယ်သဘင် မင်းသားကြီး ဦးချမ်းသာ

0
192

ရန်ကုန်နဲ့မန္တလေးမြို့ကြီးတွေမှာ မြန်မာ့ဇာတ်သဘင်ကို နိုင်ငံခြားသားတွေလာရောက် ကြည့်ရှုအောင် တိုင်းတစ်ပါး ကနေ ဝင်ငွေရအောင်၊ ကမ္ဘာကသိအောင် ပံ့ပိုးပေးနိုင် တာကတော့ နိုင်ငံတော် အစိုးရကပဲ ပံ့ပိုးပေးနိုင်ပါကြောင်း သဘင်မင်းသားကြီး ဦးချမ်းသာက ပြောပါတယ်။ နိုင်ငံတော် အစိုးရအနေနဲ့ ရုပ်ရှင်ပေါ်မှာလည်း အာရုံစိုက်ပြီးနေရာ ပေးသလိုပဲ မြန်မာ့ဇာတ်သဘင်ဟာလည်း နိုင်ငံခြားဝင် ငွေတွေအများကြီး ရှာပေးနိုင်တယ်ဆိုတာ နိုင်ငံတော်အစိုးရ အနေနဲ့ သိရှိစေချင်ပါကြောင်း သူကပြောပါတယ်။

”ဇာတ်ရုံကြီးတွေနဲ့ပတ်သက်လို့ တောင်းဆိုတာကတော့ အကြိမ် ပေါင်းမရေတွက်နိုင်တော့ပါဘူး။ မပေးသေးတာ ဘာကြောင့်လဲလို့တော့ မသိဘူးပေါ့လေ။ ဆတူမျှ တူညီ ညီညွတ်ညွတ်နဲ့ မခွဲခြားဘဲနဲ့ ပေးသင့်တယ်လို့တော့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့မှာက ကယ်တင်ရှင်မဲ့ နေသလိုပဲ။ နွေးနွေးထွေးထွေးရင်ငွေ့လှုံဖို့ရာ သဘင်သမား တွေအတွက် ကျန်နေသေးတယ်။ ကျွန်တော်တို့အနေနဲ့ ရုပ်ရှင် အဝန်းအဝိုင်းကို တအားအားကျပါတယ်။ ကျွန်တော် တို့ သဘင်လောကသားတွေအတွက်လည်း ဖီလာမပြုဘဲနဲ့ ထိုက်တန်တဲ့နေရာပေးပြီးတော့ ချမှတ်ပေးမယ်ဆိုရင် ကျွန်တော်တို့ စိတ်ထဲမှာ ညီညွတ်သောအစိုးရလို့ တသသနဲ့ သာဓုခေါ်မိမှာအမှန်ပါပဲ။အမေစုလည်းအလုပ်များပါတယ်။ ဒါပေမဲ့ သူ့ ဆန္ဒကြီးကတော့ ကျွန်တော်တို့အပေါ်မှာဖြည့်ဆည်း ပေးချင်ရှာမှာပါ။ ဒါပေမဲ့ သူ့ရဲ့ အာရုံခွဲများကတော့ အမေစုအာရုံ ပေါက်အောင်ပြောပေးဖို့လည်း ကျွန်တော်တို့ အော်နေမှမဟုတ်ပါဘူး၊ နိုင်ငံရဲ့အဝန်း အဝိုင်း တာဝန်ရှိတဲ့ ဌာနဆိုင်ရာလူကြီးတွေက သဘင် အပေါ်မှာလည်း တာဝန်ယူပေးပါလို့ ပြောဖို့သင့်တယ် ထင်တာပါပဲ” လို့ သဘင်နဲ့ပတ်သက်လို့ လုပ်ဆောင် ပေးစေချင်ကြောင်း ဦးချမ်းသာက ပြောပါတယ်။

လက် ရှိသဘင်လောကမှာ ကပြလျက်ရှိနေတဲ့ မင်းသားတွေ ထဲမှာတော့ သဘင်မင်းသားကြီး ဦးချမ်းသာက အသက်အရရော၊ ဝါအရရော အကြီးဆုံးပါပဲ။ သူ့ အနေနဲ့ အခုအချိန်အထိလည်း အနားမယူသေးဘဲ ဆက်လက်ကပြလျက် ရှိနေပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့လည်းသူက –

”နားချင်ပြီ၊ နားချင်ပြီဆိုတာမျိုးကို ကျွန်တော် ခဏခဏတွေးတယ်။ ဒါပေမဲ့ နားခွင့်ကို ကျွန်တော် မကြုံသေးပါဘူး” လို့ ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here