အငြိမ့်မင်းသမီး ဝင်းသပြေထွန်း အကြောင်း မှတ်တမ်း ရုပ်ရှင်ရိုက်ကူးပြီး ရုပ်ရှင်ပွဲတော်တွင် ပြသမယ့် ဒါရိုက်တာ မင်းမင်းဟိန်း

0
411

အမေရိကန်နိုင်ငံမှာ ဒါရိုက်တာ ပညာရပ်သင်ကြားခဲ့တဲ့ ဒါရိုက်တာ မင်းမင်းဟိန်းက သဘင်မင်းသမီး ဝင်းသပြေထွန်းရဲ့ ဘဝအကြောင်းကို မှတ်တမ်းရုပ်ရှင်ရိုက်ကူးသွားမယ်လို့ ပြောပါတယ်။ ဒါရိုက်တာ မင်းမင်း ဟိန်းဆိုတာကတော့ တစ်ချိန်က ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်အဖြစ် လုပ်ခဲ့ဖူးပါတယ်။ သူဟာနောက် ပိုင်းမှာတော့ ဒါရိုက်တာပညာကို ပိုပြီး ဝါသနာပါလာတဲ့အတွက် ကြောင့် အမေရိကန်မှာ သွားရောက် သင်ကြားခဲ့တာပဲဖြစ်ပါတယ်။ သူက ပြန်ရောက်ရောက်ချင်းမှာပဲ မြန်မာ့ ဇာတ်သဘင်ရဲ့ မင်းသမီးတစ်ယောက် ရဲ့အကြောင်းကို မှတ်တမ်းရုပ်ရှင် ရိုက်ကူးသွားမှာဖြစ်ပါတယ်။

ရိုက်ကူးမယ့်သူကတော့ သူငယ် ချင်းဖြစ်တဲ့ သဘင်မင်းသမီးဝင်း သပြေ ထွန်းရဲ့ဘဝအကြောင်းပဲဖြစ်ပါ တယ်။

”ဝင်းသပြေထွန်းနဲ့က သူငယ် ချင်းဖြစ်လာတာကြာပြီ။ သူ့မှာ ကျွန်တော်စိတ်ဝင်စားတဲ့အကြောင်း အရာတွေ အများကြီးရှိတယ်။ နောက်တစ်ခု ကျွန်တော်ကြိုက်တာက ဝင်းသပြေထွန်းကတဲ့အခါ တအား လှတယ်။ တအားဆွဲဆောင်မှုရှိ တယ်။ သူကတာကိုကျွန်တော်ပထမဆုံးသွားကြည့်တော့ သူကတအားကို ဆွဲဆောင်မှုရှိတယ်။ ကျွန်တော်တို့ ဆိုရင် ကြည့်ကောင်းလှချည်လားလို့ ခံစားမိစေတယ်။ ပြီးတော့ကျန်တဲ့ အချက်တွေအများကြီးရှိတယ်။ ဒါ ကြောင့် သူ့အကြောင်းကို ကျွန်တော် ရိုက်ကူးချင်တယ်လို့ ပြောဖြစ်တယ်။ သူကလည်း ရိုက်ကူးပါလို့ပြောတယ်။ အဲဒီလိုနဲ့ ကျွန်တော် ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာလမှာ စပြီးတော့ရိုက်ကူး ဖြစ်တယ်။ ရိုက်ကူးလို့ မပြီးသေးပါ ဘူး။ ရိုက်ကူးမယ့်ပုံစံက ရှေးတုန်းက မင်းသမီးကြီးတွေ ဘယ်လိုနေထိုင်ခဲ့ တယ်၊ ဘယ်လိုတွေကခဲ့တယ်ဆိုတာ တွေကို သူ့အကြောင်းရိုက်ရင်းနဲ့ နောက်ကြောင်းပြန်သွားမှာပေါ့” လို့ သူရိုက်ကူးမယ့်အကြောင်းအရာနဲ့ ပတ်သက်လို့ ဒါရိုက်တာမင်းမင်းဟိန်း ကပြောပါတယ်။ ဒီမှတ်တမ်းရုပ်ရှင် ကိုတော့ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာပြသသွားမှာဖြစ်သလို မြန်မာ နိုင်ငံမှာလည်း ပြသသွားမှာ ဖြစ် တယ်လို့ သိရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here