မွေးနေ့အလှူအဖြစ် ရွှေတိဂုံဘုရားမှာ ဆီမီး ၁၁,ဝဝဝ ထွန်းညှိပူဇော်ခဲ့တဲ့ အကယ်ဒမီ ဝတ်မှုံရွှေရည်

0
556

သရုပ်ဆောင် ဝတ်မှုံရွှေရည်ရဲ့ အသက် ၃ဝ နှစ်ပြည့် မွေးနေ့အလှူအဖြစ် သြဂုတ်လ ၁ဝ ရက်နေ့ ညနေ ပိုင်းက ရွှေတိဂုံဘုရားရင်ပြင်မှာ ဆီမီး ၁၁,ဝဝဝ ထွန်းညှိပူဇော်ခဲ့ရာ သူ့ရဲ့ ပရိသတ်များကလည်း ပါဝင် ကုသိုလ်ယူခဲ့ကြပါတယ်။ ရွှေတိဂုံ ဘုရားရင်ပြင်မှာ ဆီမီးထွန်းညှိပူဇော် ရတဲ့ ခံစားမှုကို သရုပ်ဆောင် ဝတ်မှုံရွှေရည်က အခုလို ပြောပြခဲ့ပါတယ်။

”တအားကို အေးချမ်းပါတယ်။ စိတ်လည်း ချမ်းသာပါတယ်။ ပုံမှန် ဘုရားလာရင်လည်း အမြဲတမ်းအေးချမ်းပါတယ်။ ဒီနေ့မွေးနေ့မှာ ဘုရားတက်ရ တော့ ပိုပြီး အေးချမ်းပါတယ်။ ပရိသတ်တွေ အားလုံးကိုလည်း မေတ္တာပို့ပေး ပါတယ်။ ကစ်ကိုချစ်တဲ့ သူတွေရော၊ မချစ်တဲ့သူတွေရော၊ ကစ်ကို မွေးနေ့ ဆုတောင်းပေးတဲ့သူတွေရော အားလုံးလည်း ကျန်းမာပါစေ၊ ချမ်းသာပါစေ။ အေးချမ်းပါစေ၊ ပျော်ရွှင်ပါစေ၊ လိုအင်ဆန္ဒတွေ အားလုံးပြည့်ဝပါစေ။ အခက် အခဲတွေ ကင်းဝေးကြပါစေ” လို့ ပရိသတ်တွေ အတွက် မွေးနေ့အမှတ်တရ ဆုတောင်းစကား ပြောခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်

 


LEAVE A REPLY

Please enter your comment!
Please enter your name here