ပွင့်လင်းရာသီ ရှိုးပွဲတွေမှာ ပြန်လည် မြင်တွေ့ရတော့မယ့် အဆိုတော် ဖြိုးကြီး

0
318

‘ငါ့ရဲ့အရာရာ’ ပရိုမိုးရှင်း အတွက် မျှော်လင့်ထားပါဘူး။ ပရိ သတ်တွေ အဲဒီလောက်ကြီးတွေ့တော့ ဝမ်းသာတာပေါ့။ ရှေ့ဆက်ဖို့အတွက် အားတွေရှိတာပေါ့။ ပင်ပန်းထား တာတွေ ပျောက်သွားပါတယ် ဆိုတဲ့ အကြောင်းကို ဖြိုးကြီးက သြဂုတ် ၅ ရက်နေ့၊ ညနေပိုင်း လှည်းတန်းစင် တာမှာ ကျင်းပခဲ့တဲ့ တေးစီးရီးလက် မှတ်ရေးထိုးပွဲအပြီးမှာ ပြောသွားတာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဂရေဟမ်၊ ဖိုး ကာ၊ အောင်ထက်၊ ဒေါင်းဝေ၊ ခင်စုစု နိုင်တို့က အားဖြည့်ပေးကြသလို အနု ပညာမျိုးဆက်တွေဖြစ်တဲ့ ပိုပိုဟေ သာ (တေးရေး ဇဝါရဲ့ သမီး)၊ ဖူးဖူး သစ် (ဖိုးကာရဲ့ သမီး)၊ ငဲငယ်လေး (ချစ်စမ်းမောင်ရဲ့သမီး)၊ လမင်းခ (အငဲရဲ့သမီး)တို့ကလည်း ဝန်းရံပေး ခဲ့ကြတာဖြစ်ပါတယ်။ သူတို့တွေအ ပေါ်ကို ဖြိုးကြီးက …

”ကိုယ်တောင်မှ သီချင်းဆိုရတာ သိပ်အားမရဘူး။ ဒီနေ့ပွဲလေးမှာ ကလေးတွေကို အားပြုပြီး လုပ်ရတာ ပေါ့။ ကလေးတွေကသာ မခေါ်ပေး ရင် ကျွန်တော် ဒုက္ခရောက်မှာ။ ကျွန် တော် ကောင်းကောင်းသီဆိုနိုင်ဖို့ အတွက် ရယ်ဒီမဖြစ်ဘူးပေါ့နော်။ ကလေးတွေကြောင့် ဒီပွဲလေးက လာ ရောက်တဲ့သူတွေကို ဖျော်ဖြေဖြစ်သွား တာပေါ့။ ပရိသတ်တွေ ကျေနပ်မှာ ပါ”လို့ ပြောပါတယ်။ ပွင့်လင်းရာသီ မှာလည်း ရှိုးပွဲ တော်တော်များများမှာ ပါဝင်သီဆိုဖို့ ရှိတဲ့ ဖြိုးကြီးက. …

”ကျွန်တော်လုပ်စရာရှိတာတွေ ကို ဆက်ပြီးလုပ်ကိုင်သွားမှာပါ။ ပရိသတ်တွေ နားထောင်လို့ရမယ့် အရာတွေကို ကျွန်တော့်တာဝန် အတိုင်း ကျေပွန်အောင်လုပ်ဆောင် သွားမှာပါ” လို့ ပြောပါတယ်။ ဂီတ လောကထဲကို ‘ငါ့ရဲ့အရာရာ’နဲ့ တစ် ကျော့ပြန်လည် ဝင်ရောက်ခဲ့တယ်လို့ ဆိုရမယ့် ဖြိုးကြီးက သူ့ပရိသတ် တွေကို …

”ဒီခေတ်မှာ အခွေလက်မှတ် ထိုးပွဲဆိုတာ ဘယ်သူမှမလုပ်တော့ပါ ဘူး။ ကျွန်တော်ကလည်း အခွေက ထုတ်ထားပြီးသားဆိုတော့လေ။ ကျွန် တော်ထွက်ကို ထွက်ရမယ်။ အဲဒါ ကြောင့် ကျွန်တော် အရဲစွန့်ပြီးလုပ်ရ တာပါ။ လာရောက်ပြီးတော့ အခွေ ဝယ်ကြတဲ့သူတွေရော၊ ရောက်လာကြ တဲ့သူတွေရော အားလုံးကို ကျေးဇူး အများကြီးတင်ပါတယ်” လို့ ဖြိုးကြီး က ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here