မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံရတဲ့ ရွှေထိုက်အကြောင်း နိုင်ဇော် ပြောပြ

0
199

အဆိုတော်ရွှေထိုက်အပါအဝင် လူတစ်စုကို မူးယစ်ဆေးဝါးများ နှင့်အတူ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဩဂုတ်လ ၉ ရက်နေ့ကဖမ်းဆီးရ မိခဲ့ပြီး မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါး များဆိုင် ရာဥပဒေအရ အရေးယူ ထား ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။

အဆို တော်ရွှေထိုက်က လတ်တလောမှာပဲတစ်ကိုယ်တော်စီးရီးခွေထွက်ရှိထားပါသေးတယ်။ သူ့အနေနဲ့ ဒီအခွေကို တော့ နိုင်ဇော် (Art Eoborts) က Music Arrangement ပြုလုပ် ပေးထားပါတယ်။ ကိုနိုင်ဇော်အနေ နဲ့ ရွှေထိုက်ဂီတလောကထဲကို ဝင်ရောက်ခါ စအချိန်ကတည်းက သွန်သင်ဆုံးမလာခဲ့တဲ့ သူတစ် ယောက်ဖြစ်သလို ညီမတစ်ယောက် လိုလည်း ခင်မင်ရတဲ့သူ ဖြစ်တာ ကြောင့် စိတ်မကောင်း ဖြစ်ရပါတယ် လို့ ကိုနိုင်ဇော်ကပြောပါတယ်။

“သူကအနုပညာရှင်ထဲမှာ ရှား ရှားပါးပါးစာတွေလည်းရေးတယ်၊ ကဗျာတွေလည်းရေးတယ်။ သီချင်း ဆိုတာလည်းကောင်းတယ်။မိန်းက လေးဖြစ်ပြီးတော့ ဂစ်တာလည်းတီး တတ်တယ်။ ဘက်စုံထူးချွန်တဲ့ အမျိုး သမီး အနုပညာရှင်တစ်ယောက်လို့ ကျွန်တော်ကတော့မြင်ပါတယ်။ အဲဒီ လို တော်တဲ့အနုပညာရှင်တစ် ယောက်က လမ်းလွဲတစ်ခုနဲ့ မထင် မှတ်ဘဲ မူးယစ်ဆေးဝါးမှု အဖမ်းခံ ရတဲ့အခါကျတော့ စိတ်မကောင်းဘူး။ ဂီတလောကထဲကိုရောက်ကတည်းက ကြည့်ရှုစောင့်ရှောက်လာတဲ့သူတွေထဲမှာလည်းပါတယ်။

ဒီလိုဖြစ်တော့ မယ်ဆိုတာလည်း ကြိုသိနေကြတယ်။ ထိန်းတယ်။ တားတယ်။ သူ့မိသားစု ကိုလည်း ပြောတယ်။ ဒါပေမဲ့လည်း ကျွန်တော်လုပ်နိုင်တဲ့ဘောင်ထဲကနေ အကုန်ကုန်သွားပြီ။ ကုန်သွားတဲ့အခါ မှာ ကျွန်တော်လုံးဝလက်မြှောက်ပြီး ဘေးထွက်ထိုင်နေတဲ့ အချိန်မှာဖြစ် သွားတဲ့အတွက် စိတ်မကောင်းတာ ကလွဲလို့တော့ ကျွန်တော်ဘာမှလုပ်ပေးလို့မရတော့ပါဘူး။ အရည်အချင်း ရှိပြီးတော့ လမ်းလွဲရောက်သွားတဲ့အ တွက်တော့ သိပ်ကိုနှမြောပါတယ်။နောက်လည်း သူ့လိုမျိုး အနုပညာရှင် လက်သစ်တွေမဖြစ်စေချင်ပါဘူး” လို့ ရွှေထိုက်နဲ့ပတ်သက်လို့ ကိုနိုင်ဇော် ကပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here