ရုရှားနိုင်ငံမှာပြုလုပ်သောလူငယ်ပွဲတော်တွင် အမြင့်ဆုံးဆုရရှိခဲ့တဲ့ မြန်မာ

0
228

Private Teachers Association နဲ့ မြန်မာနိုင်ငံ သဘင်အစည်းအရုံးတို့ ပူးပေါင်းစေ လွှတ်ခဲ့တဲ့ ရုရှားနိုင်ငံ၊ ဗလာဒီ ဘော့ စတော့မြို့ရှိ အိုကီယမ်လူငယ် စင်တာ ( OKEAN All Russian Children Center ) မှာ ဇူလိုင် ၁၇ ရက်နေ့မှ သြဂုတ် ၇ ရက်နေ့ထိ ကျင်းပပြီး နိုင်ငံပေါင်း ၁၂ နိုင်ငံ ပါဝင်တဲ့ လူငယ်ပွဲတော်တွင် သွား ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ သြဂုတ် ၉ ရက် နေ့ည ၁၂ နာရီက မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေကို တော့ကျောင်းသားမိဘများနဲ့ မြန်မာ နိုင်ငံသဘင်အစည်းအရုံးမှ အမှု ဆောင်အဖွဲ့များက သောင်းသောင်း ဖြဖြကြိုဆိုခဲ့ကြပါတယ်။

”ကြေညာတော့ ဟုတ်ပါ့မလား ဆိုပြီးတော့တောင် ဘေးမှာရှိတဲ့ ပတ္တ မြားကို မေးယူရတယ်။ ဘယ်လောက် အထိ မယုံကြည်လဲဆိုရင် ဆုပေးတဲ့ အထိမယုံသေးဘူး။ အဲဒီလိုစိတ်လှုပ် ရှားခဲ့တယ်။ ဒုတိယဆုတို့ တတိယဆု တို့လောက်တော့ မျှော်မှန်းခဲ့တယ်။ ပထမဆုဆိုတာကြီးကိုတော့ မစဉ်း စားမိဘူးလေ။ ရုရှားကိုစစရောက်တဲ့ပထမအပတ်ကျတော့ အံ့အားသင့် စရာတွေကြီးပဲပေါ့။ ဒုတိယအပတ် ကစပြီး ဆုပေးပွဲတွေမှာ ငိုရတော့တာ ပါပဲ။ အဲဒီတော့ပြောချင်တာကတော့ဒီလိုကျောင်းမျိုးတွေ ဒီလို Camp မျိုးတွေ မြန်မာနိုင်ငံမှာရှိဖို့ လိုအပ် ပါတယ်။ အစိုးရအနေနဲ့ ဒါမျိုးတွေ မြန်မြန်ပြုလုပ်ပေးပါလို့ပဲ တောင်း ဆိုချင်ပါတယ်”လို့ အဆိုပါခရီးကို လိုက်ပါသွားခဲ့တဲ့ မြန်မာနိုင်ငံသဘင် အစည်းအရုံး (ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးမိုးဝင်းက ပြောပါတယ်။ သဘင် အစည်းအရုံး (ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးမိုးဝင်းနဲ့ ပြန်ကြားရေးမှူး ဒေါ် ပတ္တမြားကေခိုင်တို့က ပြိုင်ပွဲများမှ ဂျူရီလူကြီးများအဖြစ် ဆောင်ရွက် ခဲ့ကြတာလည်း ဖြစ်ပါတယ်။

မြန်မာကျောင်းသား၊ ကျောင်း သူများက ပွဲတော်မှာLive, Create, Dream လို့အမည်ပေးထားသော အနုပညာပွဲတော်တစ်ခု လုံးဆိုင်ရာ (Grand Prix) တစ်ဆု တည်းသော အမြင့်ဆုံးဆုကို မြန်မာနိုင်ငံမှ ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။

လင်းအက္ခရာ

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here