မွေးကတည်းက ကျောက်ကပ်တစ်ခုတည်း ပါလာတဲ့အတွက် ပင်ပန်းတာမျိုး လုပ်လို့မရဘူးဆိုသူ စံရတီမိုးမြင့် ရဲ့ ကျန်းမာရေး အခြေအနေ

0
288

ဇာတ်ကားရိုက်ကူးမှုတွေကျဲသွားတဲ့ စံရတီ မိုးမြင့်က ကျန်းမာရေး သိပ်မကောင်းတဲ့အတွက် အပင်ပန်း သိပ်မခံနိုင်တာကြောင့်ကြော်ငြာတွေ ရိုက်ကူး ဖြစ်ပေမယ့်လည်း ဇာတ်ကားတွေဆိုရင်တော့ ကြိုးစား ခွင့်ပိုမိုရရှိ နိုင်မယ့် ဇာတ်ကားမျိုးတွေကိုပဲ ရွေးချယ် ရိုက်ကူးဖြစ်နေပါတယ်။ ပရိသတ်တွေနဲ့ အဆက် အသွယ် ပြတ်တောက်သွားတာမျိုးမဟုတ်ပေမယ့်လည်း ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးဖြစ်တဲ့ အချိန် မှာတော့ သူ့ရဲ့ပုံစံကို အရင်ပုံစံနဲ့မတူဘဲကွဲထွက်နေအောင် လည်း ကြိုးစားနေသူပါ။

”နေမကောင်းလို့ ခဏနားလိုက် တဲ့အချိန်မှာ ကိုယ်ကိုယ်တိုင်ကလည်း ကိုယ့်ပုံစံကို ပြန်ချိန်း လိုက်တယ်။ အရင်ပုံစံဆိုလည်း ဘာမှမထူးဘူး လေ။ ဝတယ် ပြည့်တယ်ဆိုတော့ ခဏရပ်နားထား ပြီးပြန်ပြီးရိုက်ကူးချိန်မှာလည်း အဲဒီပုံစံပဲဆိုတော့ တစ်ခုခုတော့အပြောင်းအလဲလုပ်ပြီးမှ ပြန်လည် ဝင်ရောက် တာပိုကောင်းတယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ ခန္ဓာကိုယ် ကအစပြောင်းသွားအောင်လုပ်တယ်။ အစား အသောက် တွေလျှော့တယ်။ အစားအသောက် လျှော့ပြီး ဝိတ်တွေ ချနေတဲ့ အချိန်မှာမရိုက်ကူးနိုင်ဘူး။ တအားပင်ပန်းပြီး မောတယ်”လို့ ပုံစံ ပြောင်းလဲဖြစ်ခဲ့ ပုံအကြောင်းကို စံရတီမိုးမြင့်ကပြောပါတယ်။

ကျန်းမာရေး မကောင်း တာကြောင့်အနုပညာအလုပ် တွေလျှော့လိုက်တာဖြစ်တဲ့အတွက်အခုလက်ရှိ ကျန်းမာရေးအခြေ အနေကို မေးကြည့်တဲ့အခါမှာတော့ …

”သဲသဲရဲ့ နှလုံးကတော့ နည်းနည်း အောင့် တယ်။ သဲသဲရဲ့မွေးကတည်းက ပြဿနာက ကျောက် ကပ်။ မွေးဖွားလာကတည်းက ကျောက်ကပ်တစ်ခု တည်းပါတယ်။ အမှန်အတိုင်းပြောရင်တအားအပင်ပန်းမခံ နိုင်ဘူး။ လူကောင် ကတော့ကြီးတယ်။ တကယ်ကိုယ့်ထက် လူကောင် သေးတဲ့ လူတွေ တောင် လုပ်နိုင်တဲ့အရာကို ကိုယ်က တအား မောပြီးလုပ်ရတယ်။ အခုအင်တာဗျူးဖြေဆိုတာတောင် မောပြီး ဖြေနေရတယ်” လို့ ပြောပြပါတယ်။ ကျန်းမာရေးအခြေ အနေကြောင့်ဝိတ်ချတဲ့အခါမှာ Gym ကစားတာကို ပြင်းပြင်းထန်ထန် ကစားတာမျိုးလုပ် လို့မရဘဲ အစားအသောက်နဲ့ ဝိတ်ချတာမျိုးပဲ လုပ်ဖြစ်တယ်လို့ ဆိုပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here