ဘဝကို အေးအေးချမ်းချမ်းလေး ဖြတ်သန်းချင်တဲ့ အကယ်ဒမီ ဝတ်မှုံရွှေရည်

0
347

ပရိသတ်များရဲ့ အချစ်တော် ဝတ်မှုံရွှေရည်ကတော့ သြဂုတ်လ ၁ဝ ရက်နေ့က သူ့ရဲ့ အသက် ၃ဝ နှစ် ပြည့်ခဲ့ပါပြီ။ အသက် ၃ဝ နှစ်ပြည့်မွေး နေ့အလှူအဖြစ် မှော်ဘီအောင်ဇမ္ဗူ တောရ ဓမ္မရိပ်သာတွင် အလှူဒါန များ ပြုလုပ်ခဲ့ပြီး ရေဘေးသင့်ပြည်သူ တွေအတွက် အလှူငွေကျပ် ဆယ် သိန်းနဲ့ စိတ်ကျန်းမာရေးဆေးရုံသို့ အလှူငွေကျပ် ဆယ်သိန်းတို့ကို မွေး နေ့အမှတ်တရအဖြစ် လှူဒါန်းခဲ့ပါ တယ်။ မွေးနေ့မှာ အလှူဒါနတွေနဲ့ပဲ ဖြတ်သန်းဖြစ်ခဲ့ကြောင်းကို မေးကြည့် တဲ့အခါမှာတော့ ဝတ်မှုံရွှေရည်က …

”ဒီနေ့ကတော့ ကစ်မွေးနေ့ဆို တော့ သံဃာတော်တွေကို ဆွမ်းကပ် တယ်။ နဝကမ္မသင်္ကန်းလှူတယ်။ ပြီး တော့ စိတ်ကျန်းမာရေးဆေးရုံမှာ ကစ် ဆယ်သိန်းလှူဒါန်းပါတယ်။ ရေ ဘေးသင့်ပြည်သူတွေအတွက်လည်း ဆယ်သိန်းလှူပါတယ်။ ကစ်ဒီနှစ်မွေး နေ့ကို အရင်နှစ်တွေလို မွေးနေ့တွေ ဘာတွေလည်း မလုပ်ဖြစ်ဘူး။ ဘုန်း ကြီးကျောင်းမှာပဲ ဘုန်းဘုန်းရဲ့ တရားနဲ့ ဖြတ်သန်းချင်တယ် ပြီးတော့ အလှူလေးတွေကို ကိုယ်တတ်နိုင် သလောက် ကိုယ်လှူချင်တဲ့နေရာ လေးမှာလှူချင်တယ်။ ဆိုတဲ့အတွက် ကြောင့်ပေါ့။ ညကျရင်လည်း ဘုရား မှာ ဆီမီးပူဇော်မယ်။ ဒီလောက်ပါပဲ။ အေးအေးဆေးဆေးလေး ဖြတ်သန်း ချင်တာပါ”လို့ပြောပါတယ်။

အသက် ၃ဝ ပြည့်ပြီဆိုတော့ ရင့်ကျက်လာပြီ ပေါ့လို့ဆိုတော့ ဝတ်မှုံရွှေရည်က အသက် ၃ဝ အရွယ် ရောက်လာပြီဆို တော့ခံစားချက်က…

” ရင့်ကျက်ရတော့ မှာပေါ့နော်။ ဒါပေမဲ့လည်း ပိုပြီး တော့ ရင့်ကျက်ရတော့မှာပေါ့နော် (ရယ်လျက်)။ မွေးနေ့မှာလည်း မေဦးတို့က Surprise လုပ်ပေး ကြတယ်။ မေဦးတို့ မနေ့ညက အိမ် ရောက်လာတယ်။ သူတို့တစ်ဖွဲ့လုံး Surprise လာလုပ်ပေးကြတယ်ပေါ့ နော်။ ပျော်ရွှင်ရပါတယ်။ ဒီနှစ်က ကစ်မွေးနေ့က နည်းနည်းဝေးတော့ တချို့ကစ်ရဲ့ Fan တွေ မလာနိုင်ကြ ဘူး။ ဒီနှစ်ကလည်း အေးအေးချမ်း ချမ်းနဲ့ မွေးနေ့အကြီးကြီးမလုပ်ဘဲ ဖြတ်သန်းချင်တာရယ်ကြောင့်ပါ။ မွေးနေ့က အသက် ၃ဝ၊ အသက်က လည်း ကြီးလာတော့ ဘုန်းဘုန်းပြော သလိုပဲ သေရန်တစ်ရက် နီးပြီပေါ့ (ရယ်လျက်)။ ရှေ့ဆက်ပြီးလည်း အေးအေးချမ်းချမ်းလေးပဲ ဖြတ်သန်း ချင်ပါတယ်”လို့ ဝတ်မှုံရွှေရည်က ပြောပါတယ်။

သဲစုလှိုင်၊

ဓာတ်ပုံ – ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here