MMA မှာ ယှဉ်ပြိုင်ဖို့ Ready ဖြစ်နေပြီ Myanmar MMA Fighter ဖိုးသော်

0
300

ကိုယ်ခံပညာ အတော်များများ တတ်မြောက်ထားတဲ့ Myanmar MMA Fighter ဖိုးသော်သွားရောက် ယှဉ်ပြိုင်မယ့် ပြိုင်ပွဲတစ်ခုလည်း ရှိပါ တယ်။ အဲဒါက …

“ပြိုင်ပွဲက အခုလောလော ဆယ်တော့ MMA မကစား ဖြစ်သေးပါဘူး။ ၉ လပိုင်းမှာတော့ ကျွန်တော်စင်ကာပူမှာKyokushin Karate သွားပြိုင်ဖို့ ရှိပါတယ်” လို့ ဖိုးသော်က ပြောပါတယ်။ ပရိသတ် တွေ စိတ်ဝင်စားကြတဲ့ ကိုယ်ခံပညာ ရပ်ပေါင်းစုံပြိုင်ပွဲ -MMA (Mixed Martial Arts) က ဒီတစ်ခေါက်ပြိုင် ပွဲမှာ ဖိုးသော်ပါဝင်ဖို့ ရှိမလား။ အဲဒီ အတွက်ကိုကော ရယ်ဒီဖြစ်နေပြီ လားလို့ဆိုတော့ …

“MMA ကကျတော့ မြန်မာ နိုင်ငံ Event မှာဆိုလို့ရှိရင် မြန်မာ နိုင်ငံသား Fighter ပါအောင်လို့တော့ အဓိကထား စီစဉ်တယ်ပေါ့နော်။ ကျွန်တော်က ပြီးခဲ့တဲ့တစ်ခေါက်က ဒဏ်ရာရလို့ဆိုပြီး မကစားဖြစ်ဘူး။ ဒါပေမဲ့ အခုဒဏ်ရာ အနေအထား ကပြန်ပြီး သက်သာလာတဲ့အချိန်မှာ နောက်ပွဲမှာ ပြန်လည်ပါဝင်နိုင်ဖို့ သေသေချာချာ လေ့ကျင့်ပြင်ဆင်နေ တယ်။ ပွဲရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေပေါ့။ ကျွန်တော်က ဒီမှာမ လုပ်ဖြစ်ရင်တောင် ဘယ်မှာပဲလုပ် လုပ်ကစားနိုင်အောင် အခုကတည်း က စပြီးပြင်ဆင်နေပြီ။ တကယ်လို့ မြန်မာနိုင်ငံမှာ လုပ်ဖြစ်တယ်ဆိုရင် ၁၀ လပိုင်းလောက်မှာဖြစ်လိမ့်မယ်။ အဲဒီအခါကျရင် ပြန်ကစားနိုင်အောင် လို့ အခုကတည်းက ပြင်ဆင်နေပြီ။ ရယ်ဒီပါပဲ။ ကျွန်တော်ကတော့ ကစားမယ်ဆိုရင် ကစားလို့ရပြီ” လို့ ဖိုးသော်က ပြောပါတယ်။

ကိုဖိုးသော် သွားရောက်ယှဉ် ပြိုင်မယ့် Kyokushin Karate က MMA နဲ့ဆို ယှဉ်ပြိုင်ရတာချင်း အတော်လေး ကွာခြားသွားမယ်နော်၊ ဘာတွေကွာခြားသွားမလဲ ပြောပါဦး လို့ ဆိုတော့ …

“MMA ကျတော့ သီးသန့်တစ် လိုင်းပေါ့နော်။ Professional ပေါ့။ ကြေးစား ဖိုက်တာပေါ့နော်။ Kyokushin ကျတော့ ကိုယ်သင်ထား တဲ့ Martial Art တစ်ခုအတွက်ပဲကို လက်ရည်စမ်းတဲ့ပုံစံမျိုးပေါ့နော်”လို့ ဖိုးသော်က ပြောပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here