ပင်ကိုဟန်နဲ့ သရုပ်ဆောင်နိုင်အောင် ကြိုးစားနေတဲ့ ယမင်းမေဦး

0
262

သရုပ်ဆောင် ယမင်းမေဦးက ၂၀၁၅ခုနှစ်မှာ ရွှေနန်းတော်သရဖူကို ရရှိပြီး အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့သူပါ။ အဲဒီအချိန် ကစပြီး အနုပညာအလုပ်တွေကို တစိုက်မတ်မတ် ပိုလုပ်ကိုင်ဖြစ်ခဲ့ပါတယ်။ ပြည်တွင်း ပြိုင်ပွဲတွေပဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံတကာ အလှမယ် ရွေးချယ်တဲ့ပြိုင်ပွဲ တွေကိုတော့ ဝင်ရောက်မယှဉ်ပြိုင်ဖြစ်ခဲ့ပါဘူး။ အနုပညာလောကထဲကို စတင် ဝင်လာတာကလည်း သရုပ်ဆောင်ဖြစ်ချင်လို့ ဝင်လာတာဖြစ်တဲ့အတွက် နိုင်ငံ တကာပွဲတွေအထိ မယှဉ်ပြိုင်ဖြစ်တာပါလို့ ယမင်းမေဦးက ဆိုပါတယ်။ သရုပ် ဆောင်ပိုင်းမှာ စနိုးဝှိုက်ထုတ်လုပ်ရေးမှ ဒါရိုက်တာ ဦးမောင်မောင်ဦးနဲ့ ဦးလွင်တို့ဖြစ်ပြီး စကားသရုပ်ဆောင်သင်တန်းမှ ဦးအုန်းခိုင်တို့ကတော့ ယမင်းမေဦးရဲ့ လက်ဦးဆရာတွေပဲ ဖြစ်ပါတယ်။ မိခင်ဖြစ်သူကြောင့် သရုပ် ဆောင် လမ်းကြောင်းပေါ် ရောက်ရှိလာတဲ့ ယမင်းမေဦးက –

“သရုပ်ဆောင်တာကို ငယ်ငယ် လေးကတည်းက ဝါသနာပါတယ်။ ကိုယ့် ဘာသာကိုယ်တော့မသိခဲ့ဘူး။ သရုပ်ဆောင်အလုပ်ကို ဝါသနာပါမှန်း မေမေ က သိတယ်။ ညီမကို ဆယ်တန်းအောင်ပြီးပြီးချင်း မော်ဒယ်လ်သင်တန်း တက်ခိုင်းတယ်။ သရုပ် ဆောင်လမ်းကြောင်း ပေါ်တင် ပေးလိုက်တယ်။ ကိုယ်က ဒီလမ်းပေါ်ရောက်လာမှ ဒီအလုပ်ကို ဝါသနာပါပါလားဆိုတာ သိသွားတယ်” လို့ ဆိုပါတယ်။ ယမင်းမေဦးက ကြော်ငြာတွေ၊ Music Video တွေလည်း ရိုက်ကူးထားပြီး သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကား တွေလည်း ပရိသတ်တွေ မကြာခင်မြင်တွေ့ကြ ရတော့မှာပါ။ သရုပ်ဆောင်တာနဲ့ ပတ်သက်ပြီး ကိုယ်ပိုင် စတိုင်လ်ဟန်ပန်တွေနဲ့ သရုပ်ဆောင်နိုင်ဖို့ ကြိုး စား သွားမှာဖြစ်ကြောင်းကို လည်း ယမင်းမေဦးက.. .

“အခွင့်အရေးရသမျှကို ပါဝင်တဲ့ ဝါရင့်သရုပ်ဆောင်တွေ ရဲ့ ဖေးမမှုနဲ့ အတတ်နိုင် ဆုံးကြိုးစား ပါတယ်။ ဒီထက်မကလည်း အခွင့် အရေးတွေရလာဖို့ မျှော်လင့်ပါ တယ်။ သရုပ်ဆောင်တာကတော့ ဇာတ်ကားတွေ လည်းကြည့်ဖြစ် တယ်။ ပြည်တွင်းက ဇာတ်ကားတွေ ရော၊ ပြည်ပက အနုပညာရှင်တွေရဲ့ ဇာတ်ကားတွေရော ကြည့်ဖြစ် တယ်။ သူတို့ကို ကိုးကားပြီးတော့ တစ်ခါတလေ သရုပ်ဆောင်တာ လေးတွေရှိတယ်။ ကိုယ့်ပင်ကို ဟန်နဲ့ သရုပ်ဆောင်နိုင်ဖို့လည်း ကြိုးစားနေ ပါတယ်” လို့ ပြောပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here