ပြဿနာတွေကို လက်တွေ့ကျကျ ဦးနှောက်သုံးပြီးဖြေရှင်းလေ့ရှိတဲ့ ဖြူဖြူကျော်သိန်း

0
179

ဖြူဖြူကျော်သိန်းနဲ့ Lancifer တို့က ကံစပ်တယ်လို့ဆိုရင် ကံတရားကို ပုံချရာရောက်ဦးမယ်။ တကယ်တော့ သူတို့ရဲ့ Talent တွေကြောင့်လို့ပဲဆို ချင်ပါတယ်။ အားလုံးသိတဲ့အတိုင်း ဖြူဖြူ ကျော်သိန်းဆိုတာကလည်း ဝါရင့်အဆိုတော်တစ်ယောက်ဖြစ်နေပြီ။ အနုပညာ လမ်းကြောင်းမှာ သူဖြတ်သန်းခဲ့တဲ့ နှစ်တွေက မနည်းတော့ဘူး။ ပြီးတော့ အင်္ဂလိပ်စာ နဲ့ပတ်သက်တဲ့ Skill ကလည်းကောင်းတယ်။ ဒါကြောင့် နိုင်ငံခြားသားနဲ့ သီချင်းတွဲပြီး အတူလုပ် ကိုင်တဲ့အခါ ကောင်းမွန်တဲ့သီချင်း တစ်ပုဒ်ဖြစ်ခဲ့တယ် ဆိုတာ ‘Miracle’ က သက်သေပြလိုက်ပြီးပါပြီ။ အခုလည်း ဖြူဖြူကျော်သိန်းက Lancifer နဲ့အတူတူ Collaboration ပြုလုပ်ထားပါတယ်။ အဲဒီ Collaboration က…..

”ဖြူဖြူ အမေရိကန်အဆိုတော် Lancifer နဲ့ ‘Storm’ ဆိုတဲ့ Mini Albumလေးက အောက်တိုဘာလထဲမှာ ထွက်ဖို့ ရှိပါတယ်။ သီချင်း လေးတွေကို Music Video လည်း ရိုက်ကူးနေပါပြီ” လို့ ဖြူဖြူကျော်သိန်း က ပြောပါတယ်။

အခုခေတ်က Music Streaming တွေခေတ်စားလာသလို Streaming Application တွေမှာ လည်းသီချင်း နားထောင်လာကြတယ်။ မဖြူကရော ဘယ်လိုမျိုးပုံစံနဲ့ သွားဖြစ်မလဲလို့ ဆိုတော့…

”ခေတ်ရေစီးကြောင်းဖြစ်နေတဲ့အတွက်ကြောင့် ဖြူဖြူတို့လည်း လုပ်ရမှာပါပဲ။ လုပ်ဖြစ်မှာပါ” လို့သူက ပြောပါတယ်။ ဖြူဖြူကျော်သိန်း ကိုကြည့်ရတာ သိပ်ကိုရင့်ကျက်တယ်။ ပညာတတ်တစ်ယောက်မို့လို့ လားမသိ၊ ပြောတဲ့စကားတွေကလည်း တန်ဖိုးရှိတယ်။ လက်ရှိအသက် အရွယ်မှာ မဖြူရဲ့နေ့ စဉ်ဖြတ်သန်းမှုပုံစံက ဘယ်လိုမျိုးလဲလို့ဆိုတော့….

”ဖြူဖြူ စိတ်ညစ်စရာတွေကို အကြာကြီး ရင်ထဲမထားတတ်ဘူး။ ပျော် ပျော်ပဲ၊ စိတ်ချမ်းချမ်းသာသာပဲ နေတတ်တယ်။ ဖြစ်လာတဲ့ ပြဿနာတွေဘာတွေ ဆိုရင်လည်း လက်တွေ့ ကျကျပဲ ဦးနှောက်သုံးပြီး ဖြေရှင်းလေ့ရှိတယ်။ စိတ်ညစ်ရင် လည်း ဘုရားဆုတောင်းတယ်။ ဘုရားရှိခိုးတယ်။ အကြံဥာဏ်တောင်းတယ်။ စိတ်ထဲမှာ တနုံ့နုံ့နဲ့ ခံစားနေတဲ့ ဥစ္စာမျိုးတွေမရှိဘူး။ ပျော်ပျော်ပဲနေပါတယ်”လို့ သူကပြောပါတယ်။

မိုးရာဦအကုန်ဆိုတာနဲ့ သီချင်းအသစ်တွေကို ပရိသတ်ဆီပေးပို့ဖို့ရှိတဲ့ ဖြူဖြူကျော်သိန်း က….

”ဖြူဖြူ ဒီနှစ်ထဲမှာ သီချင်း အသစ်တွေ အများကြီး ထွက်သွား ဖို့ရှိပါတယ်ရှင့်။ Lancifer နဲ့ Mini Album ‘Storm’ ထဲမှာလည်း နောက်ထပ်သီချင်းအသစ် ၄ပုဒ် ထွက်ဖို့ရှိတယ်။ နောက်ပြီးတော့ Cobra နဲ့အတူ အနုပညာဖန်တီးထားတဲ့ ကိုယ်ပိုင်သံစဉ် Duet အခွေလေးလည်းထွက်ဖို့ရှိတယ်။ နောက်ပြီးတော့ တခြား Single သီချင်းလေးတွေလည်း အများကြီးထွက်ဖို့ရှိပါတယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here