တောင်ပြုံးပွဲတော်ကြီးမှာပြဇာတ်၊အော်ပရာ အသစ်တွေနဲ့ တင်ဆက်သွားမယ့်စံပြသဘင်

0
284

ဇာတ်အဖွဲ့တွေရဲ့ အားထားရာ ပွဲတော်ကြီးတစ်ပွဲဖြစ်တဲ့ တောင်ပြုံးပွဲတော်ကြီးကတော့ ကျင်းပချိန်နီးလာပါပြီ။ ဒီပွဲ တော်ကြီးမှာတော့ ဟန်ဇာမိုးဝင်းတို့ စံပြသဘင်က ဩဂုတ် လ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ ထူးခြားတဲ့အစီအစဉ် သစ်များနဲ့အတူ ကပြတင်ဆက်သွားမှာဖြစ်တယ်လို့ သိရပါ တယ်။

ဒီနှစ်မှာတော့ အော်ပရာအသစ်တွေဖြစ်တဲ့ ဥပုသ် သည်၊ နေရောင်အောက်မှာသာသောလ၊ နှလုံးသားနဲ့ဖွင့် ကြည့်ပါတို့ကို တင်ဆက်ကပြသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ပြဇာတ်အသစ်တွေဖြစ်တဲ့ အချစ်က အမှား၊ နွံ ၊ အမှောင် တကာ့အမှောင်၊ ရွှံ့ထူသောမြစ်၌ငါးဖြစ်ရခြင်းအကြောင်း၊ အပယ်ခံသားတို့ကို ပရိသတ်တွေအနေနဲ့ ခမ်းနားတဲ့ ဆက် တင်အပြင်အဆင်တွေနဲ့ ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။

စံပြသဘင်အနေနဲ့ တောင်ပြုံးပရိသတ်တွေကို ပြဇာတ် အသစ်၊ ပဏာမအသစ်၊ မြန်မာသံအသစ်၊ စတိတ်ရှိုး အသစ်၊ နှစ်ပါးအသစ်များဖြင့် အထူးဖျော်ဖြေတင်ဆက် မှာဖြစ်ကြောင်းလည်းသိရပါတယ်။ စံပြသဘင်အနေနဲ့ တောင်ပြုံးပွဲတော်ကြီးပြီးဆုံးတဲ့နောက်မှာတော့ ပလိပ်ြွေမ ဘုရားပွဲတော်၊ ငါန်းဇွန်မြို့ရှင်ပင်မိုးကောင်းဘုရားပွဲတော်၊ ယင်းမာပင်မြို့၊ချောင်းဦးမြို့၊ ရွှေဘိုမြို့ထောင့် ဘုရားပွဲ တော်၊ စစ်ကိုင်းမြို့ငါးထပ်ကြီးဘုရားပွဲတော်၊ ရွှေကူဘုရားပွဲ တော်၊ ဗန်းမော်မြို့ သိမ်တော်ကြီးဘုရားပွဲတော် စတဲ့ ဘုရား ပွဲတော်များမှာ တင်ဆက်ကပြသွားမှာဖြစ်ကြောင်း သိရပါ တယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here