ရခိုင်ပြည်နယ်အတွက် မှားနေတာတွေကိုအမှန်ပြင်ပေးမယ့် Miss Supranational Myanmar 2018 ရွှေအိမ်စည်

0
310

ပရိသတ်ရဲ့ ချစ်ခင်အား ပေးမှုရရှိထားတဲ့ အလှမယ် ရွှေအိမ် စည်က တော့ Miss Golden Land Myanmar Organization မှ ကြီးမှူးကျင်းပတဲ့ အလှမယ်ပြိုင်ပွဲ ကြီးမှာ Miss Supranational Myanmar 2018 သရဖူကို ရရှိ ထားပြီဖြစ်ပါတယ်။ ဆက်လက်ပြီး ပိုလန်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့်Miss Supernational 2018 ပြိုင်ပွဲမှာလည်း မြန်မာနိုင်ငံကိုယ် စားပြုအနေနဲ့ သွားရောက်ယှဉ် ပြိုင်ရမှာ ဖြစ်ပါတယ်။International ပွဲမှာ သွားရောက် ယှဉ်ပြိုင်ဖို့ပြင်ဆင်မှုတွေ ပြုလုပ်သွားမယ့် အကြောင်းကို အလှမယ် ရွှေအိမ်စည် က အခုလိုပြောပြခဲ့တာက

“အမှန်တော့ ပြိုင်ပွဲတွေကို အိမ်စည် လုံးဝ စိတ်ကုန်သွားပြီး မပြိုင်ချင်တော့ တာ။ နောက်ဆုံး Last Time လေး Try ကြည့်မယ်ဆိုတဲ့ စိတ်လေးနဲ့ ဝင် ယှဉ်ပြိုင်ဖြစ်သွားတာ။ သရဖူရ သွားတော့ အိမ်စည် တအား ပျော်တာပေါ့။ ဝင်ပြိုင်ဖို့ တွန်း အားဖြစ်ခဲ့တာကတော့ ဘေး နားမှာရှိနေတဲ့ လူတွေပေါ့။ တော်တော် များများကတော့ ဝင်မပြိုင်ဖို့ ပြောကြတယ်။ ကိုယ်လည်း နာမည်ရနေ တာပဲနာမည်လေး နည်း နည်းကျမှ ပြိုင်ပေါ့။ အိမ်စည် ကကျတော့လည်း အလှမယ် ပြိုင်ပွဲတွေက နာမည်ကျမှ ပြိုင်ရတယ်လို့ မမြင်ဘူး။ ကောင်းကျိုး တစ်ခုခု ရဖို့ ပြိုင် တာပဲ ဖြစ်ရမယ် ပေါ့နော်။ ကိုယ် နာမည်ကျနေလို့ ပြန်ပေါက် သွား အောင် ပြိုင်ပွဲဝင်ပြိုင် လိုက်မယ်ဆို တာမျိုးကိုမကြိုက်ပါဘူး။ ကိုယ် မယှဉ်ပြိုင်တော့ဘူးဆို လည်း မပြိုင်တော့ဘူးပေါ့။ ပြိုင်မယ် ဆိုရင် အရင်တုန်းက ပြုလုပ်ထားတဲ့ Training တွေမအေးသွားခင်မှာ ပူပူ နွေးနွေးပြိုင်မယ်ဆိုတဲ့ ဆုံး ဖြတ် ချက်နဲ့ ပြိုင်ခဲ့တာပါ။ အရင် အတွေ့ အကြုံရှိခဲ့တယ် ဆိုပေမယ့်လည်း အိမ်စည် ကInternational ကိုမှ မ ရောက်သေးတာ။ ပြင်ဆင် တယ်ဆို တာက ပြည်တွင်း မှာပဲ ပြင်ဆင် ခဲ့တာလေ။ အဲဒီတော့ International ရောက်ဖူးတဲ့သူတွေဆီ က အတွေ့အကြုံ တွေယူရမယ်။ တကယ် နားမလည် ဘဲနဲ့ ဆရာလာလုပ်တဲ့ သူတွေ ရဲ့စကားကိုခေါင်း ထဲက ထုတ်ပြီးတော့ တကယ်နားလည်ပြီး ကိုယ့်ကိုလည်း ကောင်းစေချင်လို့ပြောတဲ့ လူ တွေရဲ့စကားကိုတော့ခေါင်းထဲထည့်မယ်။ အဲဒီလို မျိုးလေးစဉ်းစားထားပါတယ်” လို့ပြောပြခဲ့ပါ တယ်။

ရွှေအိမ်စည်ကတော့ Miss Supranational Myanmar 2018 ပြိုင်ပွဲမှာ ရခိုင်ပြည်နယ် ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သရဖူ ရရှိခဲ့တာ ဖြစ်ပါတယ်။ ရခိုင် ပြည်နယ်အတွက် ဘာတွေပြုလုပ်ပေး သွားဖို့ရှိလဲလို့ မေးမြန်းကြည့်တော့ “ရခိုင်ပြည်နယ်ကိုယ်စားပြုနဲ့ သရဖူရသွားခဲ့တော့ ရခိုင်ပြည် နယ်ကိုယ်စားပြုဆိုရင် တစ်ကမ္ဘာလုံး က သိတယ်လေ။ ရခိုင်ပြည်နယ်အ ကြောင်းကို တစ်ကမ္ဘာ လုံးကသိနေ တော့ အိမ်စည်ဘက်က အကွက် မြင်သွား တာပေါ့။ ရခိုင်ပြည်နယ်အတွက် အိမ်စည် ဘက်က တစ်ယောက်တည်းအနေနဲ့တော့ အများကြီး လုပ်ပေး လို့မရပါဘူး။ အဓိက အိမ်စည် လုပ်သွားမယ့် အရာက တော့ ကိုယ့်ရဲ့တတ်သလောက် မှတ်သလောက်နဲ့ပေါ့။ မှားနေတာတွေကို အမှန်ပြင်ပေးမယ်။ အဲဒီလောက်ပါပဲ” လို့ အလှမယ် ရွှေအိမ်စည်ကပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်၊

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here