အဆိုသင်တန်း တက်ဦးမယ့်ထွန်းအိန္ဒြာဗိုလ်

0
394

ထွန်းအိန္ဒြာဗိုလ်က သားဖြစ်သူ အောင်ဗိုကောင်းသန့်နဲ့အတူ အမေရိကန်နိုင်ငံကို တစ်လကျော်လောက် အလည်အပတ်ခရီးသွားခဲ့ပါတယ်။ ပထမအစီအစဉ်က ရုပ်ရှင်ရိုက်ကူးဖို့ သွားရမှာ ဖြစ်ပေမယ့် ဗီဇာလျှောက်တဲ့အခါမှာ အလွဲအချော်ဖြစ်သွားခဲ့ တာကြောင့် ဇာတ်ကားရိုက်ကူးဖို့ အတွက် ပျက်သွားခဲ့တယ်လို့ သိရပါ တယ်။ ဇာတ်ကားမရိုက်ကူး ဖြစ်တော့ ပေမယ့် အရင်အစီအစဉ်အတိုင်း သားဖြစ်သူ ကျောင်းပိတ်ရက်မှာ အကျိုးရှိအောင် အမေရိကန်နိုင်ငံမှာ Golf Camp နဲ့ Golf ပြိုင်ပွဲတွေ ဝင်ပြိုင်စေခဲ့ပါတယ်။ သားဖြစ်သူရဲ့ ဝါသနာကို မိဘတွေအနေနဲ့ ပျိုးထောင်ပေးနေတဲ့သဘောပဲ ဖြစ်ကြောင်းကို ထွန်းအိန္ဒြာဗိုလ်က …

“သားအတွက် ရည်ရွယ်ပြီး သွားတဲ့ ခရီးတော့မဟုတ်ဘူး။ ကိုယ်သွားမယ့် ခရီးမှာ သူကျောင်းပိတ် ရက်နဲ့ ကြုံလို့ခေါ်မယ်ဆိုပြီး စီစဉ်ထားတာ။ ကိုယ့် ခရီး ကအလုပ်မလုပ်ရတဲ့အချိန်မှာသူ့ခရီးက ဆက်သွားတဲ့ သဘောလောက်ပဲ။ကျွန်မတို့ရဲ့စိတ်မှာ ဘာတွေရှိလဲဆိုတော့ ကလေး တစ်ယောက်ကို အဖေရော၊ အမေရောက တွန်းအားမပေးချင်ဘူး။ ဒါပေမဲ့ ကလေး တစ်ယောက်က သူ့ရဲ့ အနာဂတ်အတွက် ယောင်ယောင်ဝါးဝါး ဖြစ်နေချိန်မှာ မိဘတွေက ဂိုက်လိုင်းပေးဖို့ လိုအပ် တယ်။ ဂိုက်လိုင်းပေးတာ တအားများ ရင်လည်း သူ့ကို ဖိအား ပေးသလိုဖြစ် ပြီးတော့ သူဝါသနာမပါတာကြီးကို ဇောင်းပေးတာမျိုးအထိ သွားဖို့လည်း ကျွန်မတို့ ရည်ရွယ်ချက်မရှိဘူး။ ဘာမှမသိဘဲဝေဝေ၀ါးဝါးဖြစ်ပြီး ဘာလုပ် လို့လုပ်ရမှန်းမသိတဲ့ ကလေး တစ်ယောက်မျိုးလည်း သူ့ကိုမမွေးချင်ဘူး။ အဲဒါကြောင့်ကိုအောင်မင်း ထွန်းကဂိုက်လိုင်းပေးတဲ့သဘောပဲ။ ဂိုက်လိုင်းပေးတယ်ဆိုတိုင်း လည်း ဒီအလုပ်နဲ့ပဲတစ်သက်တာ သူ့ရဲ့အသက်မွေးဝမ်းကျောင်း အဖြစ် ရွေးချယ်ရမယ်လို့ ဆိုလိုတာမဟုတ်ဘူး။ သူဝါသနာပါရင် ဆက်လုပ်လို့ရပါတယ်။ သူဝါသနာမပါရင်လည်း သူတကယ် ဆုံးဖြတ် နိုင်တဲ့အသက်အရွယ်ကျရင် သူတကယ်စိတ်ထဲမှာ လုပ်ချင်တဲ့ အလုပ် ကိုသူ့ဟာသူပြောင်းခွင့်ရှိပါတယ်” လို့ ပြောပါတယ်။

အောင်ဗို ကောင်းသန့်ကU.S Kids Golf ပြိုင်ပွဲမှာ ဒုတိယ ဆု၊ PGA Junior Tour မှာလည်း စတုတ္တဆုတို့ကို ရရှိခဲ့ပါတယ်။ သား ဖြစ်သူရဲ့ ကြိုးစား မှုနဲ့ စွမ်းရည်တွေ ကိုလည်း မိဘတွေအနေနဲ့ ကျေနပ် အားရတဲ့အတွက် ဆက်လက်ပြီး ပံ့ပိုးပေးသွားမှာပါလို့ ထွန်းအိန္ဒြာဗိုလ်က ပြောပါတယ်။ ထွန်းအိန္ဒြာဗိုလ်က သီချင်းအသစ်တွေ ဖန်တီးဖို့ ကြိုးစားနေပြီး အဆိုသင် တန်းလည်းတက်ရောက်ဖို့အစီအစဉ်ရှိပြီး အနုပညာပဲဖြစ်ဖြစ်၊ ဘယ် ပညာပဲ ဖြစ်ဖြစ်အိုသည်မရှိဘူးလို့ ခံယူထားတယ်လို့ ဆိုပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here