သီချင်းခွေထုတ်ဖို့အမေနဲ့တိုင်ပင်နေတုန်းပာ ချမ်းမြေ့မောင်ချို

0
152

Myanmar Idol Season-3 ပြိုင်ပွဲမှာ ပရိသတ် အားပေး ချစ်ခင်မှုကို တစ်ခဲနက်ရရှိခဲ့တဲ့ ပြိုင်ပွဲဝင်ကတော့ ချမ်းမြေ့ မောင်ချိုပဲ ဖြစ်ပါတယ်။ သူ့ရဲ့အသံချိုချိုလေးနဲ့ ပရိ သတ်တွေကို ဖမ်းစားနိုင်ပြီး ပြိုင်ပွဲဝင်တွေထဲမှာ အသက်အငယ်ဆုံးပြိုင်ပွဲ ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။ Myanmar Idol Season-3 ရဲ့ ဖိုင်နယ်ပြိုင်ပွဲ မတိုင်ခင်ကတည်းက ချမ်းမြေ့မောင်ချိုဟာ သုခကမ္ဘာ ဆေးရုံကြီးမှာ ကျန်းမာရေးအရ ဆေး ကုသမှုခံယူခဲ့ရ ပါတယ်။ သူဟာ ပြိုင်ပွဲကို လူနာတင်ယာဉ်နဲ့ လာခဲ့ရတာ ဖြစ်ပြီး နေမကောင်းတဲ့ကြားက ပရိသတ်အတွက် သီချင်းတစ်ပုဒ်သီဆိုဖျော်ဖြေပေးသွားခဲ့ပါတယ်။ အဆိုပါပြိုင်ပွဲ မှာချမ်းမြေ့မောင်ချိုက 1st Runner Up ဆုကို ရရှိခဲ့ပြီး Winner ဆုကိုတော့ ဖြိုးမြတ် အောင်က ရရှိခဲ့ပါတယ်။Winner ဆုရရှိခဲ့တဲ့ ဖြိုးမြတ် အောင် အတွက်လည်း ချမ်းမြေ့မောင်ချိုက အခုလို ဂုဏ်ပြုစကားပြော ပါတယ်။

“တအားဝမ်းသာပါတယ်။ Winner ဆုကသူနဲ့လည်း ထိုက်တန်တယ်။ သူဘယ် လောက်ကြိုးစား ထားလဲဆိုတာ ပရိသတ် ကြီး လည်းသိပါတယ်။ အဲဒီနေ့က ‘သင့်အ တွက် မနက်ဖြန်’ဆိုတဲ့ သီ ချင်းကိုသိပ်ဆို ချင်ခဲ့တာ။ Winner ရမှ ဒီသီချင်းရမှာ ဆိုတော့ မနည်းမရရအောင် လာရောက် ပြီး သီဆိုဖြစ်ခဲ့တာ။ တစ်ပုဒ်လုံး ကောင်း ကောင်း ပြီးဆုံးအောင် သီဆိုနိုင်ခဲ့တော့ တအားလည်း ပျော်ပါတယ်။ ညီမကို ကိုဖြိုးမြတ်အောင်က ဒီသီချင်းကို လက်ဆောင်ပေး လိုက်တော့ ဒုတိယ ဆုရတာထက်တောင် ပိုပြီးတော့ ပျော်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။ ပြိုင်ပွဲကလည်း ပြီးသွား ပြီဆိုတော့ အနုပညာအလုပ်တွေ ဆက်လက်လုပ် ကိုင်သွား ဖို့အစီအစဉ်ရှိလား။ သီချင်းခွေလုပ်ဖို့ရော အမေနဲ့တိုင် ပင်ဖြစ်လား ဆိုတာကို ချမ်းမြေ့မောင်ချိုက…

“သီချင်းခွေထွက်ဖို့တော့ နည်းနည်းကြာဦးမယ်။ သီချင်းတစ်ပုဒ်စ၊ နှစ် ပုဒ်စလောက်ပဲ လုပ်ဖို့ အစီအစဉ်ရှိ ပါတယ်။ အရွယ်သုံးပါးကြိုက်မယ့် ပုံစံလေးတွေဆို ဖြစ်မှာပါ။ သီချင်းခွေ လုပ်ဖို့ကတော့ အမေနဲ့ တိုင်ပင်နေတုန်းပါ”လို့ ပြောပြခဲ့ပါတယ်။ ပြိုင် ပွဲယှဉ်ပြိုင်နေစဉ် တစ် လျှောက်မှာ အဖေကလည်း သင်္ဘောပေါ်ကနေ အားတက် အောင် အားပေးတယ်ဆိုတဲ့ ချမ်းမြေ့မောင်ချိုက…

“ပြိုင်ပွဲယှဉ်ပြိုင်နေစဉ် တစ် လျှောက်လုံး အဖေက အနားမှာမရှိပေမယ့် သင်္ဘောပေါ်ကနေ သူ အချိန်ရရင်ရသလို ကြည့်ရှုပြီး အားပေးတယ်။ အဖေလည်း ပြန်လာ တော့မှာဆိုတော့ စောင့်နေပါတယ်။ Party လုပ်ဖို့”လို့ ပြောပြခဲ့ပါ သေးတယ်။ ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတစ်လျှောက် အကြိုက်ဆုံး ပြိုင်ပွဲဝင်တွေ ရှိခဲ့လား။ နောက် Season မှာ ပါဝင်ယှဉ်ပြိုင်မယ့် ပြိုင်ပွဲဝင်တွေအတွက် အကြံပေးစကားပြော ပေးပါဦးဆိုတော့ ချမ်းမြေ့မောင်ချိုက “ပြိုင်ပွဲဝင် တွေ အကုန်လုံးကို ကြိုက်ပါတယ်။ အကုန်လုံးက ကိုယ့်အရည် အချင်း နဲ့ကိုယ် ရှိကြတော့ အကုန်လုံးကို သဘောကျတယ်။ အကုန်လုံးက စည်းစည်းလုံးလုံးနဲ့ တအားလည်း ဂရုစိုက်ကြတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ Stress အဲဒီလောက် မထားဘဲနဲ့ ကိုယ်ချစ်တဲ့အလုပ်ကို အကောင်း ဆုံးဖြစ်အောင် ယှဉ်ပြိုင်ကြပါ”လို့ ပြောပါတယ်။ ပြိုင်ပွဲတစ်လျှောက် အားပေးကြတဲ့ ပရိသတ်ကြီး အကုန်လုံးကို ကျေးဇူးအများကြီး တင်ပြီး သီချင်းတွေလည်း ဆက်လက်လုပ်သွားဖို့ရှိတာကြောင့် အားပေးကြပါဦး လို့လည်း ချမ်းမြေ့မောင်ချိုက ပြောပြခဲ့ပါသေးတယ်။

ခိုင်ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here