ကမ္ဘောဒီးယားနိုင်ငံက ဟိုတယ်ဖွင့်ပွဲသွားခဲ့ကြတဲ့ အနုပညာရှင်များ

0
236

အနုပညာရှင်များ ဖြစ်ကြတဲ့ စန္ဒီမြင့်လွင်၊ ခင်လေးနွယ်၊ ယုသန္တာတင်နဲ့ နန်းမြတ်ဖြိုးသင်းတို့က ကမ္ဘောဒီးယားနိုင်ငံမှ ဟိုတယ်ဖွင့်ပွဲ တက်ရောက်ဖို့ အတွက် ဩဂုတ်လ ၁၆ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံကို ထွက်ခွာသွားခဲ့ကြပါ တယ်။

အနုပညာရှင်များက ကမ္ဘောဒီးယားနိုင်ငံက Sokha Beach Resort,Sihanouk Ville မှာ တည်းခိုခဲ့ကြပါတယ်။ ဩဂုတ် ၁၈ ရက်နေ့မှာတော့ ဟိုတယ်ဖွင့်ပွဲကျင်းပခဲ့ပြီး ညပိုင်းမှာတော့ အနုပညာရှင်များက တေးသီချင်းများ ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။

ကမ္ဘောဒီးယားနိုင်ငံရဲ့ လှပတဲ့ကမ်းခြေကို ရောက်ရှိနေကြတာဖြစ်တဲ့အတွက် အနုပညာရှင်များဟာ အလုပ်လည်းလုပ်ရင်း အပန်းဖြေခရီးတစ်ခု ထွက်ရသလို ပျော်စရာကောင်းတဲ့ ခရီးစဉ်ဖြစ်လို့ နေပါ တယ်။

ဩဂုတ် ၁၉ ရက်နေ့ ညမှာတော့ မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိခဲ့ ကြပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here