နေတိုး ပြောတဲ့ Story Book Movie Studio ရဲ့ တစ်လခွဲကာလ ဖြတ်သန်းမှု အတွေ့အကြုံ

0
333

တိတိကျကျပြောရမယ်ဆိုရင် နေတိုးရှဲ့Story Book Movie Studio ကို ဇွန်လ ၂၉ရက်နေ့က ဖွင့်ပွဲအခမ်းအနား နဲ့အတူ စတင်ဖွင့် လှစ်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် တစ်လခွဲကျော်ကျော်ရှိသွားပြီ။ သူ့ရဲ့ စတူဒီယိုမှာ နေတိုးရဲ့ ဇာတ်ကား အပါအဝင် ရုပ်ရှင်ဇာတ်ကားတွေ၊ Music Video ရိုက်ကူးမှုတွေ၊ ကြော်ငြာရိုက်ကူးမှုတွေ ပြုလုပ်လာ ကြတယ်။ ကိုနေတိုးရဲ့ စတူဒီယိုမှာ လိုအပ်ချက်တွေ၊ ထပ်မံဖြည့်စွက်ရတာတွေ ရှိလား၊ တစ်လခွဲကြာဖြတ် သန်းမှု အတွေ့အကြုံကို ပြောပါဦးလို့ဆိုတော့…

“ရှိပါတယ်ဗျ။ ကျွန်တော်တို့ အခု စတူဒီယိုပုံစံက ရုပ်ရှင်ရိုက်ကူးမှုမှာ ၆ဝ ရာခိုင်နှုန်း ဖြည့်တင်းထားတဲ့ စတူဒီယိုဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ ဖရိန် အကြမ်းတွေ၊ ဆေးတွေကို အပြောင်းအလဲ လုပ်နိုင်အောင် အဆင်သင့် လုပ်ထားပါတယ်။ Backgroundိ တွေ သူတို့လိုချင် လို့ရှိရင် ဖရိန်အကြမ်း တွေနဲ့ သူတို့ လိုချင်တဲ့ Backgroundိ ကို ဆင် ပြီးတော့ တပ်လို့ရနိုင်အောင်တော့ လုပ်ပေးထားတယ်” လို့ နေတိုးက ပြောပါတယ်။

ရုပ်ရှင်ရိုက်ကူးရေး ဆက်တင် ပိုင်းမှာ ၆ဝရာခိုင် နှုန်း ဖြည့်ဆည်း ထားတယ်ဆိုတာ အဲဒီရိုက်ကူးမှုအ တွက် Perfect ဖြစ်ပြီလား၊ ဒါမှမဟုတ် ရာနှုန်းပြည့် ဖြည့်ဆည်းလိုက်ရင်ကော ဘာတွေဖြစ်လာ မလဲလို့မေး တော့”၆ဝ ရာခိုင်နှုန်း ဖြည့်တင်းထားတယ်ဆိုတာက ရုပ်ရှင်ရိုက်ကူးရေးမှာ ဆက်တင် ပိုင်းဆိုင်ရာကို ပြောတာပါ။ ကျန်တဲ့ ၄ဝ လောက်ကိုတော့ ကိုယ် ကိုယ်တိုင် ကိုယ့်ရဲ့ Creation နဲ့ Production က ဒီဇိုင်းကို ကိုယ့်ဘာသာပြန်ပြီးတော့ ဆင်ယူလို့ရတယ်ပေါ့။

ဥပမာ အားဖြင့် ကျွန်တော်တို့က ဆက်တင်တစ်ခုကို၊ အိပ်ခန်း တစ်ခုကို မှန်တင်ခုံ၊ ခုတင် စသဖြင့် အသေလုပ်ထား လိုက် လို့ရှိရင် ဘယ်ဇာတ်ကားရိုက်ရိုက် အဲဒီလိုပုံစံ ချည်းပဲ ဖြစ်နေမှာစိုးလို့ ကျွန်တော်တို့က ၆ဝရာခိုင် နှုန်းဖြည့်ဆည်းပြီးတော့ စတူဒီယိုတစ်ခုလုံး မှာရှိနေ တဲ့ ဆက်တင်ပစ္စည်းတွေကို ဂိုဒေါင်ထဲမှာ ထည့်ထား တယ်။ အဲဒီ ဂိုဒေါင်ထဲကနေပြီးတော့ ဘယ်အ ခန်းကို အိပ်ခန်းလုပ်ချင်လဲဆိုရင် အဲဒီအခန်း အ တွက် ၆ဝရာခိုင်နှုန်း ပြင်ဆင်ပေးတယ်။ ကျွန်တော် တို့က အခြေခံအရာတွေကိုတော့ အဓိက ဦးစားပေး ပြင်ဆင်ပေးထားပါတယ်” လို့ နေတိုးက ပြောပြခဲ့ ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here