ဘယ်လို ဝေဖန်မှုမျိုးပဲဖြစ်ဖြစ်လက် ခံ ဖို့ အ ဆင် သင့် ပါ ပဲထားထက်ထက်

0
236

ဖခင်နဲ့ ချစ်သူကြားထဲမှာ ဒွိဟဖြစ်ရတဲ့ ကောင်မလေးတစ်ယောက် နေရာကနေ ပါဝင်သရုပ်ဆောင်ထားတဲ့ ထားထက်ထက်က “လူကြမ်းတစ် ယောက်ရဲ့ ဒိုင်ယာရီ” ရုပ်ရှင်ဇာတ် ကားထဲမှာ သူအကြိုက်ဆုံးဇာတ်ဝင် ခန်းကလည်း အဲဒီအခန်းပါပဲတဲ့။

“ထားထက်အကြိုက်ဆုံး အခန်း ကတော့ အဖေ့ဆီကနေ ဓားကို ပြန်လုပြီးတော့ အဖေ့စကားကို နားထောင်တယ်။ အဖေ့ကို ချစ်လို့ သမီးချစ်သူကို စွန့်လွှတ်မယ်။ အဖေ့ကို ချစ်လို့ထက် ချစ်သူအသက် သေမှာစိုးရိမ်တယ်။ နှစ်ဖက်စလုံးကိုကြည့်တဲ့အခါမှာ နှစ်ဖက်စလုံး အဆင်ပြေအောင်လို့ဆိုပြီးတော့ ဓားကိုဆွဲပြီးတော့ ပြန်ချိန်ပြီး တော့ပြန်ပြောတဲ့ အခန်းပေါ့နော်။ ထားထက် အဲဒီအခန်းကို တအားကြိုက်တယ်” လို့ သူက ပြောပါတယ်။

ဖခင်နဲ့ ချစ်သူ ၂ ယောက်ကြားမှာ ဒွိဟဖြစ်တယ်ဆိုတာ တခြားဇာတ်ကားတွေမှာလည်း မြင်တွေ့နေရတော့ ကြည့်ရှုတဲ့ပရိ သတ်ကရိုးနေပါပြီ။ ဒီဇာတ်ကားမှာ ပရိသတ်ကို စိတ်ဝင်စား စေမယ့်အရာ ကတော့ ဘာသာမတူတဲ့အကြောင်း အရာပါပဲ။ ဝေဖန်မှုတွေရှိလာနိုင် မလားဆိုတာကိုတော့ ထားထက် ထက်က …

“ဝေဖန်မှုရှိလာနိုင်တာပေါ့။ ထားထက်တို့က ဗုဒ္ဓဘာသာ ဝင်ဖြစ်နေတဲ့အတွက် ခရစ်ယာန်အကြောင်းကို သူတို့လောက် တော့ သိမှာမဟုတ်ဘူးလေ။ ငယ်ငယ်ကတည်းက မိရိုးဖ လာ ခရစ်ယာန်ဘာသာဝင်ဖြစ်လာတဲ့သူနဲ့ ငယ်ငယ်ကတည်း က မိရိုးဖလာဗုဒ္ဓဘာသာဝင်ဖြစ်လာတဲ့ သူနဲ့က အယူအဆ ချင်းတွေတူမှာမဟုတ်ဘူးလေ။ အဲဒီတော့ ဝေဖန်မှုဆိုတာ အများကြီးရှိလာမှာပါ။ ထားထက်ကြိုပြီးတော့ တွေးထားပြီး သားဖြစ်တဲ့အတွက် အကယ်၍ ဒီဇာတ်ကားကိုကြည့်တဲ့ အခါ ပရိသတ်က ဘာသာရေးပိုင်းဆိုင်ရာနဲ့ပဲဖြစ်ဖြစ်၊ ထားထက်တို့ရဲ့ သရုပ်ဆောင်မှုပိုင်းမှာပဲဖြစ်ဖြစ်ဝေဖန်မှုရှိလာရင်ဘယ်လိုဝေ ဖန်မှုမျိုး ဖြစ်ဖြစ် ထားထက်ကလက်ခံဖို့အဆင်သင့်ပါပဲ” လို့ ပြောပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here