ရုပ်ရှင်ထဲမှာ မိဘနေရာက သရုပ်ဆောင်ရတာ အပြင်လောကနဲ့ ဘာတွေကွာခြားမှုရှိလဲ အကယ်ဒမီ လူမင်း

0
209

‘လူကြမ်းတစ်ယောက်ရဲ့ ဒိုင်ယာရီ’ ရုပ်ရှင်ဇာတ်ကားထဲမှာ လူမင်းနဲ့ ထားထက်ထက်တို့ သရုပ်ဆောင်ထားတဲ့ ဇာတ်ဝင်ခန်းတစ်ခုက အနည်းငယ် ဒွိဟဖြစ်စေပါတယ်။ ဇာတ်ကားထဲမှာ ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်တဲ့ လူမင်းက သမီးဖြစ်သူ ထားထက်ထက်ရဲ့ ချစ်သူက ဘယ်ဘာသာကိုးကွယ်တာ လဲလို့ မေးတဲ့အခန်းမှာ ထားထက်ထက်က ‘ဗုဒ္ဓဘာသာ’ လို့လည်း ပြောရော လူမင်းက ပါးရိုက်လိုက်တဲ့အခန်းဖြစ်ပါတယ်။ ဘာသာရေးအရ ဝေဖန်မှုတွေ ရှိလာနိုင်မလားဆိုတဲ့အပေါ် လူမင်းက…

”မရှိနိုင်ပါဘူး။ ဒီဇာတ်ကားက အများကြီးလည်း မပြောထားဘူး။ ပြော သလောက်လေးမှာလည်း ဟိုဘက်၊ ဒီဘက် အစွန်းမရောက်ဘဲ ၂ ဖက်စလုံးကို ထိခိုက်စေမယ့်ဟာမျိုး ပြောဆိုသရုပ်ဆောင်ထားတာလည်း မရှိဘူးဆိုတော့ အဲဒါတော့ မဖြစ်နိုင်ပါဘူးလို့ ယူဆပါတယ်” လို့ လူမင်းက ပြောပါတယ်။ ကိုယ်တိုင်ကလည်း ပြင်ပမှာ ဧရာဝတီလူမင်းရယ်၊ ဧဝရက်လူမင်းရယ်ဆိုပြီး သမီးတစ်ယောက်၊ သားတစ်ယောက် ပိုင်ဆိုင်ထားတဲ့ မိဘတစ်ယောက်ဆို တော့ ဇာတ်ကားတွေထဲမှာ မိဘအဖြစ် ပါဝင်သရုပ်ဆောင်ရတဲ့အခါ အန်ကယ် လေး (လူမင်း) အနေနဲ့ ပိုပြီး ပီပြင်မှုရှိတာပေါ့လို့မေးတော့…

”အမှန်အတိုင်းဝန်ခံရရင် ကျွန်တော့်ကိုယ်ကျွန်တော် မိဘနေရာကနေပြီး တော့ သရုပ်ဆောင်ရတဲ့အခါ မှာ ကိုယ့်သားသမီးအပေါ် ထားတဲ့ အချစ်တွေ၊ သရုပ်ဆောင်မှုတွေ ပီပြင်အောင် ကြိုးစားပြီးတော့ ပြန်ကြည့်တဲ့အခါမှာလည်း အတိုင်းအတာတစ်ခုအထိ ပီပြင်တယ်လို့ ကိုယ့်ကိုယ်ကိုယ်ထင်ပေမယ့် အပြင် မှာ ကိုယ့်သားသမီးနဲ့ တကယ်ဖြစ်လာတဲ့ ဖီလင်ကျတော့ အဲဒါတွေထက် အများကြီး၊ ကိုယ်မသိတာတွေ အများကြီးရှိသေးတယ်ဆိုတာ အပြင်လောကမှာ တော့ သိပါတယ်” လို့ လူမင်းက ပြောပြခဲ့ပါတယ်။

မျိုးမောင်၊ ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here