မိုးတွေလာနေပြီအဖေ

0
140

ဟိုး ခပ်​​ဝေး​ဝေး ယာ​တောကို
အ​ဖေသွားတဲ့​နေ့က
နေဝင်​ချိန်​မုတ်​သုန်​မိုး​တွေလိမ့်​လာ​နေပြီ။
မိတ္ထီလာကိုကုန်​ကူးသွားတဲ့​နေ့က
နေဝင်​ချိန်​မုတ်​သုန်​မိုး​တွေလိမ့်​လာ​နေပြီ။
အဲဒီမိုး​ရေ​တွေကြားထဲ
အရက်​​သောက်​တတ်​တဲ့အ​ဖေ့အတွက်
ဘယ်​ကန်​ ဘယ်​ဆည်​မှာ 
ဘေး​တွေ့ပါ့မလဲ
စိုးရိမ်​စိတ်​​တွေ တဖွဲဖွဲရွာချ
မျက်​ရည်​မိုးသီး​တွေပါကျတယ်​။
ည​နေစာထမင်းဝိုင်းမှာ
အ​ဖေ့ကို​စောင့်​​နေရမလား
မိုးကြီးမည်းမှောင်​ ငှက်​ဆိုးထိုးတဲ့ ည​တွေမှာ
အ​ဖေ့သွား​နေကျလမ်းတစ်​​လျှောက်
မီးအိမ်​ငယ်​လက်​ဆွဲ
အ​ပြေးအလွှားလိုက်​ရှာခဲ့​ပေါ့။
မြန်​မြန်​ပြန်​လာပါ​တော့အ​ဖေ
မိုးရိပ်​​တွေတက်​လာ​နေပြီ
မိုးမလုံတဲ့အိမ်​ငယ်​ငယ်​မှာ
အ​ဖေ့အတွက်
ည​နေစာပြင်​ထားပါတယ်​ အ​ဖေ။

နေလွဏ်းအိမ်


LEAVE A REPLY

Please enter your comment!
Please enter your name here