ဒီနေ့အထိ ရပ်တည်နေနိုင်တာဘာသာရေးကြောင့်လည်း ပါတယ်လို့ ဆိုလာတဲ့သဘင် မင်းသားကြီးဦးချမ်းသာ

0
137

n ctha

အလင်္ကာကျော်စွာရွှေမန်းတင် မောင်ရဲ့ သားအငယ်ဆုံးဖြစ်တဲ့ သဘင်မင်းသားကြီး ဦးချမ်းသာက ဇာတ်သဘင်လောကမှာ အောင်မြင် မှုတွေများစွာ ထိန်းသိမ်းထားနိုင်တဲ့ ဇာတ်မင်းသားကြီးတစ်ဦးလည်း ဖြစ် ပါတယ်။ သူဟာအသက်၅ဝ ကျော်ပြီ ဖြစ်ပေမယ့်လည်း အခုအချိန်အထိ လူငယ်တစ်ယောက်လို ဇာတ်ခုံပေါ် မှာ ဆိုနိုင်၊ ကနိုင်နေဆဲပါပဲ။ ဒါ့ အပြင်သူက ဘာသာရေးကိုလည်း အမြဲမပြတ် ပွားများကျင့်ကြံ အား ထုတ်လေ့ရှိသူတစ်ဦးပါ။

သူနေ့စဉ် လုပ်ဆောင်ဖြစ်တဲ့ ဘာသာရေးနဲ့ ပတ်သက်လို့ ဦးချမ်းသာက

“ဘာသာရေးကတော့ ကျွန်တော့်အနေနဲ့ မပြတ်ပါဘူး။ နေ့စဉ်တစ်နာရီ ၁၅ မိနစ် တရားထိုင် ပါတယ်။ ရှင်းရှင်းပြောရရင်တော့ ကျွန်တော်တို့က အရိယာပုဂ္ဂိုလ်တွေ မဟုတ်ပါဘူး။ လောကီရဲ့ ဘဝရပ် တည်မှုအတွက် ဘာသာတရားကို လည်း ယုံကြည်ကိုးစားစွာနဲ့ ယုံကြည် ကိုင်းရှိုင်းသလို မိမိရဲ့သက်လုံ ကောင်းအောင် မိမိရဲ့ ကိုယ်ခံအား တွေကောင်းအောင်လည်း ကျွန်တော် တို့အနေနဲ့ ကျင့်ကြံအားထုတ်မှုလေး တွေကိုလည်း လုပ်ရပါတယ်။ အဲဒီလို လုပ်တဲ့အတွက်ကြောင့်လည်း မည် သည့် အတိုက်အခိုက်တွေရှိပါစေ။ ကျွန်တော့်အနေနဲ့ ဒီနေ့အထိ ဘဝ ကိုရပ်တည်နေနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် ရပ်တည် နေနိုင်တာက ကျွန်တော့်အတွက်က အဓိကမဟုတ်ပါဘူး။ ကျွန်တော့် ဖခင်ကြီး ထူထောင်ခဲ့တဲ့ ရွှေမန်း သဘင်ကြီး ခိုင်ခိုင်မာမာနဲ့ အဓွန့် ရှည်အောင်အတွက်ပါ။ ချမ်းသာ ကောင်းကျိုးအတွက် မဟုတ်ပါဘူး။ သားတွေထဲမှာ ကျွန်တော်က နောက်ဆုံးသားကိုး။ ဒါကြောင့် ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ မကျန်းမမာဖြစ်လို့မရပါဘူး။ ကျွန်တော်အမြဲတမ်း သန်မာအောင် ကြိုးစားပါတယ်” လို့ ပြောပြပါတယ်။

ဘင်မင်းသားကြီး ဦးချမ်းသာက သဘင်သက်နှစ် ၄ဝ ပြည့် ဖျော်ဖြေပွဲကြီးကိုလည်း ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံမှာ ခမ်းနားကြီးကျယ်စွာ ပြုလုပ်ခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here