အချစ်ရေးနဲ့ ပတ်သက်ပြီး ပုန်းလျှိုးကွယ် လျှိုးမလုပ်တတ်ဘူး ရွှေမှုံရတီ

0
199

ရွှေမှုံရတီနဲ့ အဆိုတော်မင်းသား ရွှေထူးတို့ ချစ်သူဖြစ်နေပြီဆိုတဲ့ သတင်းက လူမှုကွန်ရက် Facebook ပေါ်မှာ ပျံ့နှံ့နေပြီဖြစ်ပါ တယ်။ အဆိုပါအကြောင်းအရာနဲ့ ပတ်သက်ပြီး ရွှေမှုံရတီကို တီးခေါက်မေးမြန်းကြည့်တော့ …

“သဲကတော့ အရာအားလုံးကို ပွင့်ပွင့်လင်းလင်းပဲထားပါတယ်။ ပရိသတ်တွေ အားလုံးလည်း ပွင့်ပွင့်လင်းလင်း သိချင်မယ်ဆိုတာ သဲနားလည်ပါတယ်။ ပရိသတ် ကို သဲပြောချင်တာကတော့ သဲသည်ဘယ်အရာကိုမှ ပုန်းလျှိုးကွယ်လျှိုး မလုပ်တတ်ပါဘူး။ ဘယ်အရာမဆို ပရိသတ်ကို ပွင့်ပွင့်လင်းလင်း ချပြပါတယ်။ သဲ ဘယ်လောက်ထိ ပွင့်လင်းတယ်ဆိုတာလည်း ပရိသတ်အသိပါ။ သဲအများ ကြီး မပြောချင်ပါဘူး။ ပြောချင်တာကတစ်ခုတည်းပါ။ စောင့်ကြည့်ပေးပါ လို့ပဲ ပြောချင်ပါတယ်။ သဲကတော့ဘယ်အရာကိုပဲ လုပ်လုပ် အချိန်ကာ လတစ်ခုကို အမြဲစောင့်တယ်။ ဘာလို့လဲဆိုတော့ အရာအားလုံးမှာ ကြိုတင်ပြင်ဆင် မှုရှိရ တယ်။ အချစ်ရေးကတော့ လူတိုင်းသိချင်ကြတယ်။ သဲပြောမှာပါ။ ဘယ်သူမှ မပြောခင် သဲအရင်ပြောမှာပါ။ သဲ Facebook မှာ စာတွေ အမြဲရေးတယ်။ ခံစားချက်တွေ အမြဲတင်တယ်။ ဘာလို့လဲဆို တော့ သဲက တအားချစ်တတ် တယ်။ တအားချစ်တတ်တဲ့ မိန်းကလေးတစ် ယောက် ဖြစ်တယ်။ ဒါကို ပရိသတ် တွေ သိစေချင်တယ်။ သူ့ကိုသိအောင် ပြောပြတယ် ဒါပါပဲ။ Feeling Confident ပါရှင့်။ သဲအလုပ်ကို အကောင်းဆုံးလုပ်တယ်။ အလုပ်နဲ့ Personal နဲ့ဘယ်တော့မှ မရောထွေးသလို သဲရဲ့အတွေး ထဲမှာလည်း အလုပ်နဲ့ Personal ရောထွေးသွားမှာ မကြောက်ခဲ့ ပါဘူး။ အဲဒီတော့အချစ်က အချစ်၊ အလုပ်က အလုပ်ပါပဲ။ Confident ရှိပါတယ်” လို့ သရုပ်ဆောင်ရွှေမှုံရတီက ပြောပြခဲ့ပါ တယ်။

သတင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here