ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုဆက်လက်ရရှိနေတဲ့အပေါ်အံ့သြဝမ်းသာနေသူမို့မို့မြင့်အောင်

0
632

သရုပ်ဆောင် မို့မို့မြင့်အောင်ကတော့ သူ့ရဲ့We Love မို့မို့မြင့်အောင် အဖွဲ့သားတွေနဲ့အတူ သြဂုတ်လ ၂၂ ရက်နေ့ က ရန်ကုန်ဆေးရုံကြီး ကင်ဆာကုသဆောင်မှာ အလှူအတန်းများပြုလုပ်ခဲ့ပါတယ်။We Love တွေနဲ့အတူ အလှူအတန်းများ ပြုလုပ်ဖြစ်ခဲ့ပုံကို မို့မို့မြင့်အောင်က

“ဒီ နေ့အလှူလေးက မမို့တို့We Love မို့မို့မြင့်အောင်ထဲက ကိုကျော်စွာမြင့် မိုရ်တို့ကနေပြီးတော့ မမို့ရေ အလှူ လုပ်ချင်တယ်ဆိုပြီးတော့ ပြီးခဲ့တဲ့ ၂ ရက်ကမှ ကမန်းကတန်း စီစဉ်ရတာပေါ့။ ရောဂါကျွမ်းနေတဲ့ ကင်ဆာကု သဆောင်မှာ ဒီထမင်းဘူးလေးတွေလာရောက်လှူဒါန်းချင်တယ်ဆိုလို့ မမို့တို့လည်း လာလှူဖြစ် တာပါ”လို့ ပြောပါတယ်။

We Love မို့မို့မြင့်အောင်အဖွဲ့ဆိုပြီး ဖြစ်ပေါ်လာပုံကိုလည်း မို့မို့မြင့်အောင်က…

“မမို့အရွယ်နဲ့ ဒီလိုမျိုးWe Love တွေရှိမယ်လို့ မထင်ဘူး။ အရွယ်တွေ ကကြီးကုန်ပြီလေ။ တချို့ဆိုရင် ၅ဝ ကျော်တွေ ၆ဝ ဝန်းကျင်တွေ ၇ဝ အရွယ်တွေအထိ ရှိတာပေါ့နော်။ အခုတော့ ကိုယ့်ကိုချစ်တဲ့သူတွေက ၁၉ နှစ်၊ ၂ဝ လေးတွေဆိုတော့ ကိုယ့် ရဲ့ သားသမီးလေးတွေပေါ့နော်။ ခုန က ကိုကျော်စွာမြင့်မိုရ်တို့ဆို အခုမှ ၃ဝ ကျော်ပဲရှိပါသေးတယ်။ ဒီအရွယ် လေးတွေက ကိုယ့်ကိုလာချစ်တယ် ဆိုတော့ ကိုယ်လည်း ဝမ်းသာရပါ တယ်။ အံ့လည်း အံ့သြတယ်။ Myanmar’s Got Talent မှာလာလို့ ရှိရင်လည်း သူတို့လေးတွေက အား ပေးကြတယ်။ အဲဒီအခါကျရင် ကို မောင်မောင်အေးတို့က ပြောတယ်။ မမို့ ဒီအရွယ်လေးတွေ ကလည်း မမို့ကို ချစ်တယ်လို့ ပြောရင် ဟုတ် တယ် ကိုယ်လည်း အံ့သြမိတယ်။ အဖြေကတော့ တစ်ခုပါပဲ။ ကိုယ် အရမ်းနုလို့ လှလို့မဟုတ်ပါဘူး။ သူတို့ကြိုက်ခြင်းတစ်ခု ဟာ မမို့ရဲ့ အနုပညာ ကိုပဲ ကြိုက်တယ်ဆိုတာပေါ်လွင်တယ်။ အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ်” လို့ပြောပါတယ်။

သဲစုလှိုင်၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here