အပျိုကြီး လုပ်ဖြစ်မလား ဝင်းသပြေထွန်း

0
348

သဘင်မင်းသမီး ဝင်းသပြေထွန်းက အချစ်ရေးနဲ့ပတ်သက်လို့ ဖေ့စ်ဘွတ်ခ်မှာ တင်လေ့ တင်ထ အလွန်နည်းပါတယ်။ အချစ်နဲ့ပတ်သက်လို့ အလွန်လျှို့ဝှက်လေ့ရှိတဲ့ မင်းသမီးတွေထဲ မှာ တစ်ဦးအပါအဝင်လည်းဖြစ်ပါတယ်။ သူ့မှာ ချစ်သူရှိ နေပြီလားဆိုတာကိုလည်း သူ့ရဲ့ ပရိ သတ်တွေက အလွန်သိချင်ကြပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ သူ့ကိုမေးမြန်းတဲ့အခါမှာတော့…

“သူနဲ့ပဲ ကိုယ့်ဘဝတစ်လျှောက် လက်တွဲသွားရမယ် မသွားရဘူးဆိုတာ မသေချာ ဘူးလေ။ ကိုယ်ကတော့ မိန်းကလေးဆိုတော့ ဒါငါ့ချစ်သူဆိုပြီးတော့ Public မှာ အသိ ပေးချင်တာပါပဲ။ အဲဒါက ပြန်စဉ်းစားကြည့်ရင် အလကားပါ။ အဲဒီတော့ ဖေ့စ်ဘွတ်ခ်မှာ အချစ်အကြောင်း မတင်ခဲ့ဘူး။ သူနဲ့ ကိုယ်နဲ့ပုံတွေ မတင်ခဲ့ဘူးဆိုတာက တစ်ချိန်ချိန်ကျ ရင် ကိုယ့်အတွက် နောင်တမရစေချင်လို့ပါပဲ”လို့ ဝင်းသပြေထွန်းက ရှင်းပြပါတယ်။

သူကတော့ အချစ်နဲ့ပတ်သက်လို့ သူ့ကို တအားချစ်တာမျိုးကို လိုချင်ပြီး ကိုယ့်တစ် ယောက်တည်းကိုပဲ ချစ်နေတာမျိုးကိုပဲ လိုချင်ကြောင်း၊ ချမ်းသာဖို့ ပညာတတ်ဖို့တွေ မလိုဘဲ အိမ်ထောင်ဦးစီးကောင်းပီသဖို့ပဲလိုအပ်ကြောင်း ဝင်းသပြေထွန်းက သူလို ချင်တဲ့ ချစ်သူနဲ့ပတ်သက်ပြီး ပြောပြပါတယ်။ ဝင်းသပြေထွန်းက ချစ်သူအပေါ်အလွန် ရစ်တတ်တယ်လို့လည်း သိရပြန်ပါတယ်။ ဒါကလည်း ချစ်လွန်းအားကြီးလို့ပဲဖြစ်ပြီး တစ်ခါတလေမှာ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်တွေးဖြစ်ပြီး ကိုယ်ချစ်တာဟာ ချစ်နည်း မဟုတ်ဘူးလို့လည်း ထင်မြင်ကြောင်း၊ ကိုယ်ချစ်တာနည်းနည်းမှားနေတယ်လို့ ထင်မြင် မိကြောင်း သူက ပွင့်လင်းစွာ ပြောပြပြန်ပါတယ်။

“ချစ်ပုံချစ်နည်းတော့ ပြန်ပြောင်း ရမှာပေါ့နော်။ ချစ်ရမှာတော့ ကြောက်တယ်။ ဒါပေမဲ့ သူနဲ့ ဆက်တွဲသည်ဖြစ်စေ မတွဲသည်ဖြစ်စေ ကိုယ့်ကိုယ်ကိုယ် ပြင်ရမှာပေါ့နော်။ အခု လက်ရှိချစ်သူနဲ့ ပြတ်သွား ရင်လည်း နောက်ထပ်အချစ်တစ်ခု မတွေ့နိုင်ဘူးလို့လည်း မပြောနိုင်ဘူးလေ။ လူဆိုတာ ချစ်ချင်ချစ်မှာပဲ”လို့ ဝင်းသ ပြေထွန်းက ပြောပါတယ်။ သူက အိမ်ထောင်ပြုဖြစ်မလား အပျိုကြီးပဲလုပ်ဖြစ်မလားဆိုတာတော့ ယတိပြတ်မပြောနိုင်သေးဘဲ သူ့ကို စိတ် ချမ်းသာ အောင် ထားနိုင်မယ့်သူမျိုးဆိုရင်တော့ အိမ်ထောင်ပြုဖို့ စဉ်းစားဖြစ်မယ်လို့လည်း သိရပြန် ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here