ညီမဖြစ်သူ ပန်းသွေးခြယ် ကလည်း ဂီတ ဝါသနာပါတဲ့ အတွက်သီချင်းအတူသီဆိုဖို့ရှိတယ်ပန်းရောင်ခြယ်

0
187

အဆိုတော်မလေး ပန်းရောင် ခြယ်က မကြာခင်လပိုင်းအတွင်းမှာ တစ်ကိုယ်တော် စီးရီးခွေထွက်ဖို့ပြင်ဆင်နေပြီး ဖခင်ဖြစ်သူဂရေဟမ်နဲ့ အတူဖန်တီးထားတဲ့ သီချင်းလေးတွေလည်းပါဝင်ကြောင်း ပန်းရောင်ခြယ်ကပြောပါတယ်။ စီးရီးခွေ မထွက်ခင်မှာ လည်း Let It Go ဆိုတဲ့ သီချင်းလေးကို တစ်ကိုယ်တော် အခွေ ရဲ့ ပထမဆုံး Single Song အနေနဲ့ ထုတ်ဖြစ်ပြီး အခွေမထွက်လာခင်နောက် တစ်ပုဒ်လောက်ထုတ်ဖြစ်ဦးမယ်လို့ သူမကပြောပါတယ်။ ပန်းရောင်ခြယ်မှာ ပန်းသွေးခြယ် ဆိုတဲ့ ချစ်စရာ ညီမလေးတစ်ယောက် လည်း ရှိသေးတယ်။

ညီမလေးကကော သီချင်းသီဆိုမှာလားလို့ ပန်းရောင်ခြယ်ကိုမေးတော့…

“ညီမလေးနဲ့အတူ သီချင်းဆိုဖို့လည်းရှိပါ တယ်။ ဆိုကောင်းလည်းဆိုမှာပါ။ ညီမလေး ကိုယ်တိုင်ကလည်း Music ကိုတအားဝါသနာပါတယ်။ ညီမလေးက လည်း အဆိုတော်လုပ်မယ်ပေါ့နော်။ အခုတော့ ငယ်သေးတော့ နေဦးဆိုပြီးတားထားရတာပေါ့” လို့ သူကပြောပါ တယ်။ ညီအစ်မ ၂ယောက် ဂီတအကြောင်း တွေ တိုင်ပင်ဖြစ်ပုံ ကိုလည်း ပန်းရောင်ခြယ်က…

“Music နဲ့ ပတ်သက်ရင်တော့ ညီအစ်မ ၂ယောက် က အမြဲတိုင်ပင် ဖြစ်တယ်။ နေ့တိုင်းပါပဲ။ သီချင်း ကလည်း နေ့တိုင်းနားထောင်တယ်။ Music အကြောင်းလည်း တိုင်ပင် ဖြစ်တယ်။ ပန်းရောင်အခွေနဲ့ ပတ်သက် ပြီးလည်းတိုင်ပင်ဖြစ် တယ်။ ညီမလေးဆိုရင်လည်း မီးမီးဆိုရင် ဘယ်လိုမျိုး သီချင်း ဆိုချင်တယ်။ ဘယ်လိုလုပ် ချင်တယ်။ အမြဲတိုင်ပင်ဖြစ်တယ်။ သားအဖ ၃ ယောက်လည်းတိုင်ပင် ဖြစ်တယ်” လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ လဆန်းပိုင်းက ပန်းရောင်ခြယ်တို့ ညီအစ်မ နှစ်ယောက်စလုံး နေမကောင်းဖြစ်ပြီး ဆေးရုံတက်လိုက်ရ သေးတယ်လို့ သိရတယ်။ အဲဒီအ ကြောင်းကိုလည်း မေးဖြစ်တော့…

“ပန်းရောင် ဒီလဆန်းတုန်းက သွေးလွန်တုပ်ကွေးဖြစ် တာပေါ့နော်။ နေမကောင်းဖြစ်တာ ဆေးရုံခဏ တက် လိုက်ရတယ်။ ဒါပေမဲ့ ပြန်သက် သာသွားပါပြီ။ ညီအစ်မ နှစ်ယောက် စလုံး နေမကောင်းဖြစ်ကြတာ တစ်ပြိုင် တည်းလေ (ရယ်လျက်)။ ဖြစ်တုန်းကဆိုရင် တကယ် မလွယ်ဘူး။ နေလို့မကောင်းဘူး။ လမ်းတောင် ပုံမှန်မလျှောက်နိုင်ဘူး။ ဒါပေမဲ့သူ့ကာလနဲ့သူ တဖြည်း ဖြည်းတော့ သက်သာလာတယ်။ ပန်းရောင် အဲဒီ လပိုင်းတုန်းကဆိုရင် ဘန်ကောက်မှာ ကြော်ငြာ ရိုက်ကူးရေး တစ်ခုရှိတယ်။ ဘန်ကောက် ကအဖွဲ့က ရှုတင်ဖျက်ပေးလိုက်ရတယ်။ ရက်ရွှေ့ လိုက်ရ တယ်။ ဝိုင်းပြီးလုပ်ပေးကြ တယ်။ အလုပ် လေးနှောင့်နှေးသွား တာရှိတယ်။ မြန်မြန်ပြန် ကောင်းလာတာပဲ” လို့ ပန်းရောင်ခြယ်ကပြော ပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here